Tracking

3.9K 614 33
                                    

မိတ်ကပ်လိမ်းပြီးတာနဲ့ ဓာတ်ပုံဆရာက လှုပ်ရှားနေဟန် ပုံတစ်ချို့ ရိုက်ကူးသွားပြီး ကြော်ငြာဖို့အတွက် တရားဝင် websiteမှာ ပုံတွေကို တင်လိုက်သည်။

မိုအန်းရုက အစောတည်းက မိတ်ကပ်လိမ်းပြီးသွားပြီဖြစ်ပြီး သူ ဝတ်ရမယ့် အဝတ်တွေကို လဲထား၏။ပေါ်ရွှီ့ နားနေခန်းရဲ့ တံခါးရှေ့မှာ သူ ငြိမ်ငြိမ်လေး ရပ်စောင့်နေလိုက်သည်။

ရလဒ်အနေနဲ့ကတော့ ရှေးခေတ် ဝတ်စုံဝတ်ထားတဲ့ ပေါ်ရွှီ ထွက်လာချိန်မှာ သူ အသိစိတ် လွတ်သွား၏။

တင့်တယ်လှတဲ့ အဖြူရောင် ဘွဲ့ဝတ်ရုံရှည် ဝတ်ဆင်ကာ အဖြူရောင် ကျောက်စိမ်း ယပ်တောင်တစ်ချောင်းကို လက် မှာ ကိုင်ထားပြီး အနက်ရောင်ဆံပင်တွေကို မြင့်မြင့် မြှောက်စီးထားတဲ့ ပေါ်ရွှီက အလွန်ကို ခန့်ညားလှသည်။

ပေါ်ရွှီရဲ့ မျက်နှာက ယခုခေတ်အဝတ်အစားတွေနဲ့ ခန့်ညားရုံသာမက ရှေးခေတ်ဝတ်စုံ ဝတ်ထားလည်းပဲ ဆွဲဆောင်မှုရှိ၏။သူ့မှာ ကြီးကျယ်လှတဲ့ ဇာတ်ကောင် အမျိုးအစား ပုံစံမျိုးရှိ၍လည်း သူ သရုပ်ဆောင်နိုင်တာဖြစ်သည်။

မိုအန်းရုမှာ တစ်ခဏလောက် အသိလွတ်သွားသော်လည်း သူ မြန်မြန် စိတ်ထိန်းလိုက်၏။ပေါ်ရွှီတစ်ခုခု သတိထားမိသွားမှာကို သူ ကြောက်လေသည်။

ဒါ့အပြင် ထိုသို့ ဖြစ်သွားသော လူတွေထဲမှာ မိုအန်းရု တစ်ယောက်တည်း ပါဝင်တာမဟုတ် နားနေခန်းအပြင်မှာ ရပ်နေကြတဲ့ ဝန်ထမ်းများနဲ့ ဇာတ်ရံသရုပ်ဆောင်များမှာလည်း ပေါ်ရွှီကို ကြည့်ကာ သူတို့ တိတ်ဆိတ်သွားကြသည်။

ပေါ်ရွှီ ယပ်တောင်ကိုဖွင့်ရင်း ရှေ့သို့ လျှောက်သွားကာ မိုအန်းရု ပခုံးကို ဖက်လိုက်ပြီး
"မင်းရဲ့နောက်ဆုံးဝတ်စုံနဲ့ ပုံတွေ ရိုက်ပြီးပြီလား?"

ခေါင်းငြိမ့်ပြလာတဲ့ မိုအန်းရုက နားတွေပါ နီရဲလာ၏။ပေါ်ရွှီရဲ့ ရှေ့မှာ လက်နဲ့ခြေ တစ်တန်းတည်း လျှောက်ရင်တောင်မှ သူ့မှာ စိတ်လှုပ်ရှားလာဖို့ လုံလောက်သော်လည်း သူက ထိန်းချုပ်မှု အားကောင်းလေသည်။
(T/N: တူတူလျှောက်တာတော့မဟုတ်ဘူးကွာ လက်အလွှဲတို့ ေခြလှမ်းလှမ်းတာတူတာမျိုး အဲ့လိုသဘော ရေးတဲ့အတိုင်း ပြန်လိုက်ပေမယ့် နားမလည်ရင် ကိုယ့်အမှားပါနော်)

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now