Breaking The News

3.1K 366 16
                                    

(Unicode)

ပေါ်ယွီရဲ့ စာချုပ်သက်တမ်းပြည့်ခါနီးချိန်မှာပဲ 'ပါးစပ်ကြီးက ကောလဟာလဖြန့်ရတာကြိုက်တယ်' ဆိုတဲ့ ဝေ့ပေါ်အကောင့်မှ ပေါ်ယွီဟာ အနုပညာလောကကနေ ထွက်သွားသင့်တယ်ဆိုပြီး ရုတ်တရက် မဲပေးခိုင်းလာ၏။
(T/N:voteခိုင်းတဲ့ သဘောပါ ထွက်သင့်မထွက်သင့်ဆိုပြီး နှစ်ခုယှဥ်ချပြီး ပေးခိုင်းတာမျိုး)

ထိုအကောင့်ကို အသုံးပြုသူဟာ အနုပညာလောကရဲ့ အတင်းသတင်းတွေကို ချပြရတာကြိုက်ပြီး အများမြင်ကွင်းကနေ ဝေးကွာသွားတဲ့ ကြယ်ပွင့်တွေကို အဓိကထားလေသည်။

ဥပမာအနေနဲ့ မနှစ်ကမေလမှာ နောက်ကြောင်းရှင်းပါတယ်လို့ အများကဆိုကြတဲ့ မင်းသမီးတစ်ယောက်ဟာ ပိတ်ရက်တွေမှာ ဘားတွေကိုသွားရတာ ကြိုက်ကြောင်း မကြာခဏဆိုသလို မတူညီတဲ့ယောကျာ်းတွေနဲ့ ဆက်ဆံကြောင်း သူမနဲ့ ထိုမတူညီတဲ့ ယောကျာ်းတို့ရဲ့ မတော်တရာပုံတွေကို ပါးစပ်ကြီးက ထုတ်ပြလာ၏။

ဖြူစင်လှတဲ့သရုပ်ဆောင်လေး ဖန်တီးထားတဲ့ ကျောက်စိမ်းလို အဖိုးတန်လှတဲ့ မိန်းမလှလေးပုံရိပ်ဟာ ဝေ့ပေါ်အသုံးပြုသူတစ်ယောက်ရဲ့ ဖော်ထုတ်မှုကြောင့် နေ့ချင်းညချင်းကို ပျက်စီးသွားတော့သည်။

ထို့နောက် မှာတော့ သရုပ်ဆောင်မလေးဟာ ဒေါသထွက်နေကြတဲ့ ဝေ့ပေါ်အသုံးပြုသူတွေနဲ့ ဝါရင့် Hatersတွေဆီကနေ အဆဲစကားတွေကို အမြှောက်နဲ့ပစ်လိုက်သလို ရရှိလာတော့၏။အခုချိန်မှာ သူမဟာ သရုပ်ဆောင်ခွင့်ကို ရရှိနေပါသေးသော်လည်း မိန်းကလေးဇာတ်လိုက်နေရာ ရရှိဖို့က မဖြစ်နိုင်တော့ပေ။

ပုံရိပ်ဟာ ပြင်းပြင်းထန်ထန်ကို ပျက်စီးသွားသလို တန်ဖိုးကလည်း ထိုးကျသွား၏။လူတွေရဲ့ ချစ်ခင်အာရုံစိုက် မှုကနေ သူမကို အထင်မြင်သေးစက်ဆုပ်စေဖို့အတွက် တစ်ရက်သာကြာလေသည်။

ဒီနှစ်ရဲ့ မတ်လမှာတော့ ပါးစပ်ကြီးဟာ ဝေ့ပေါ်မှာ အသစ်ကလေး ထပ်တင်လာ၏။ဒါဟာ စာတိုလေးတစ်ကြောင်းတည်းပင်
"သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဒီလောက် နားလည်မှုရှိလိမ့်မယ်လို့ ငါမယုံဘူး မင်းတို့ရော ဘယ်လိုထင်လဲ?"[ပုံတွေနဲ့ တွဲလျက်]

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now