Provocation

4.2K 670 23
                                    

အဖွဲ့သားတွေ ပြန်တာနဲ့ ပေါ်ရွှီလည်း မူကြိုကျောင်းမှ ဖရဲသီးလေးကို သွားခေါ်လိုက်ပြီး နှစ်ယောက်သား ပျော်ရွှင်စွာ စျေးဝယ်ထွက်ကြသည်။

ညနေ ငါးနာရီဝန်းကျင်လောက် ကုန်မျိုးစုံဆိုင်ကြီးရဲ့ အသားတန်းဘက်တွင် ဝယ်ယူရန် လှုပ်ရှားနေကြတဲ့ လူများနှင့် ပြည့်ကျပ်နေ၏။ထိုနေရာက ကျဥ်းမြောင်းတဲ့ လမ်းလေးမှာလည်း လူများစွာ ရှိနေသည်။တစ်ချိန်တည်းမှာ အလုပ်တွေ ပြီးပြတ်အောင် လုပ်နိုင်ရန် အကောင်းဆုံး ကြိုးစားချင်၍ အရာဝတ္ထုများကို သူ ကောက်ထည့်နေခဲ့ပြီးနောက် မှာတော့ ပေါ်ရွှီ သူ့ဘေးက ဖရဲသီးလေးကို မတွေ့တော့ပေ။

ဖရဲသီးလေးမှာ မပြုံးနိုင်တော့ပဲ သူ့ နှုတ်ခမ်းလေးကို ဖိကိုက်လျက် အရင်က သူ့ကို ပေါ်ရွှီ သင်ပေးထားတာကို သတိရသွားတာနဲ့ ကုန်မျိုးစုံဆိုင်ကြီးရဲ့ ဝန်ထမ်းဆီကို သွားရန် သူ့ ခြေထောက်လေးတွေ မြှောက်လိုက်တော့သည်။
(T/N: ဒီကောင်လေး တစ်နှစ်ကျော်ဆိုတာ ကိုယ်လုံးဝမယုံဘူး)

အဲ့နေရာမှာ ရှိနေတဲ့ ပြည့်ကျပ်နေသည့် လူအုပ်ကြီးက ဒီဆိုင်ကြီးမှာ သေးငယ်တဲ့ ကောင်လေးတစ်ယောက် ပျောက်နေတာကို ဘယ်သူမှ သတိမထားမိကြလေဘူး။လူတိုင်းက တွန်းတိုက် တိုးပြီး သွားနေကြ၏။သူ့ နောက်ကလူတွေက ဖရဲသီးလေးကို ပြင်းပြင်းထန်ထန် တွန်းသွား သဖြင့် ကောင်လေးမှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျတော့သည်။

သန်မာတဲ့ လက်တွေနဲ့ ယောကျာ်းတစ်ယောက်က ဖရဲသီးလေးကို ကောက်ချီလိုက်ပြီး တွန်းနေကျဆဲဖြစ်တဲ့ လူအုပ်ကြီးမှ တားဆီးပေးလေတယ်။

ထိုလူက မေးရိုးချွန်ချွန်တွေနဲ့ အလွန်ရဲရင့်လေပြီး  ပါးလျပ်တဲ့ နှုတ်ခမ်းကို ဖိကိုက်ထားပုံက လူတွေကို အနားလာကပ်ဖို့တောင် ကြောက်အောင် ပြုလုပ်နေ၏။စျေးလာဝယ်တဲ့ လူနဲ့တောင် လုံးဝဥဿုံ မတူညီပဲ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လိုမျိုး သူက အနက်ရောင် ဝတ်စုံပြည့်နဲ့ သားရေဖိနပ်ကို ဝတ်ဆင်ထားသည်။

ဒီလူကို မြင်လိုက်ချိန်မှာတော့ ကြောက်လန့်နေတဲ့ ဖရဲသီးလေးရဲ့ နှလုံးသားက ဖြည်းဖြည်းချင်း သက်သာလာတော့တယ်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now