Complaint

3.6K 474 29
                                    

(Unicode)

ပေါ်ယွီ ရုံးကိုမရောက်ခင်ကတည်းက ကြိုရောက်နေပြီးသားဖြစ်တဲ့ ရန်ဖေးက အခန်းထဲကို ဝင်လာလေသည်။

မစ္စတာကျန်းမှာတော့ သက်ပြင်းလေးလေးကြီးချမိသွား၏။

"ပေါ်ကော မတွေ့ရတာကြာပြီနော်"
ရန်ဖေးက ရှေ့ကိုလာကာ ပေါ်ယွီကို လက်ဆန့်တန်း၍ နှုတ်ဆက်လေသည်။

ပေါ်ယွီရဲ့ မျက်လုံးတွေမှာ အမည်မဖော်နိုင်တဲ့ အကြည့်တစ်ချက်က ဖျက်ခနဲ လက်သွားသော်လည်း သူက ရယ်မောကာ ပြန်နှုတ်ဆက်လာ၏။
"ဟယ်လို်"

ရန်ဖေးရဲ့ မျက်နှာအမူအရာက မထိန်းနိုင်လောက်အောင် တစ်ခဏလောက် ပျက်ယွင်းသွားပေမယ့် ဘာမှမဖြစ်သွားသလိုမျိုး သူပြန်ပြောလိုက်တယ်
"မြို့ပြက အမျိုးသားတွေရဲ့ လူရွေးပွဲမှာ ကျွန်တော်တို့ တွေ့ခဲ့ကြတယ်လေ"

ထိုအခါမှပဲ ပေါ်ယွီ ရှင်းလင်းသွားပြီး သူ့ကို ပြန်မှတ်မိလာတော့၏။
"မင်းက ရန်ဖေးလား?"

အရင်တစ်ခေါက်တုန်းက စက် မှုပညာရှင်ဇာတ်ပို့နေရာအတွက် သူ့ကို အကြိမ်ကြိမ် ရန်စခဲ့တဲ့ ထရိန်နင်ဟာ ရန်ဖေးဖြစ်လေသည်။

ပေါ်ယွီကို ရန်ဖေးက သဘောကျပုံပေါ်နေတယ်ဆိုရင်တောင်မှ သူ့မှာ ခဏတာလောက် အူကြောင်ကြောင်ဖြစ်သွားကာ ပြီးမှ နာမည်ကို ထုတ်ခေါ်မိလိုက်၏။

ရန်ဖေးက ပေါ်ယွီဘေးမှာ ဝင်ထိုင်လာကာ သာမန်ကာလျှံကာ ပြောလာတယ်
"ကြည့်ရှုမှုနှုန်းမြင့်တဲ့ ပေါ်ကောရဲ့ web series အတွက် ဂုဏ်ယူပါတယ်နော် ကျွန်တော်လည်း အပတ်တိုင်း ကြည့်ဖြစ်တယ်ဗျ"

"ကျေးဇူးတင်ပါတယ်"
ပေါ်ယွီကလည်း မထူးမခြားနား ပြန်ပြောလိုက်တယ်။ဒီလိုမျိုး မယဥ်ကျေးတဲ့ ထရိန်နင်လိုမျိုးကို သူမနှစ်မြို့ပေ။

ရန်ဖေးကတော့ ပေါ်ယွီရဲ့ ဝတ်ကျေတန်းကျေစကားလုံးတွေကို နားလည်ပုံမပေါ်ပဲ ပြန်ပြောလာတယ်
"စကားမစပ် မစ္စတာလျို့က ကျွန်တော့်ကို မစ္စတာကျန်း လက်အောက် မှာ လုပ်ခိုင်းလိုက်တယ်။ပေါ်ကော တွေ့ရတာ ဝမ်းသာပါတယ်။"

ပေါ်ယွီမှာ ကိုရိုးကားရားဖြစ်သွားလေပြီး မစ္စတာကျန်းကို ကြည့်လာတော့သည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now