Grievance

3.8K 583 11
                                    

ထောပတ်လုံးရဲ့ မိဘတွေက ညနေ ခြောက်နာရီထိုးတာတောင် ပေါ်မလာကြပေမယ့် သူ့မိသားစုဝင်လို့ သတ်မှတ်လို့ရတဲ့ ယာဥ်မောင်းတစ်ယောက်တော့ ရောက်နေ၏။

ကျောင်းအုပ်က ဖရဲသီးလေးဟာ ဘယ်တော့မှ အနိုင်မကျင့်ခံရဘူး ပြီးတော့ သူ့အတွက် ဆရာမ အသစ်တစ်ယောက် ပြောင်းပေးမယ်လို့ ပေါ်ရွှီအား ထပ်တလဲလဲ အာမခံကာ ပြောလာတော့သည်။သို့မှသာ ပေါ်ရွှီလည်း လိုလိုလားလားနှင့် ဖရဲသီးလေးကို ခေါ်ကာ အဝေးကို ထွက်လာလိုက်တော့တယ်။

ဆရာမချန်းက မကျေနပ်သလိုမျိုး ကျောင်းအုပ်နဲ့ ပေါ်ရွှီ တို့ရဲ့ ပုံပန်းသွင်ပြင် ပျောက်ကွယ်သွားတဲ့အထိ လိုက်ကြည့်နေ၏။

ဖရဲသီးလေးက ကလေးပဲရှိသေးသည်။သူ့ မိဘအနေနဲ့ နေ့တိုင်းလိုလို သူ့ကို ဂရုစိုက်ဖို့ ရှင့်မှာ အချိန်မရှိဘူးဆိုရင် ဆရာမတစ်ယောက်အနေနဲ့ ကျွန်မကိုလည်း နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းကိုပဲ အာရုံမစိုက်နိုင်ဘူးလို့ လာပြောလို့မရဘူးလေ။

ပေါ်ရွှီက ယင်းကဲ့သို့ အကျိုးကြောင်း မသင့်လျော်တဲ့ လူတစ်ယောက် မဟုတ်လေဘူး။ဒါပေမယ့်လည်း ဒီအချိန်မှာတော့ အကြောင်းအရာတစ်ခုလုံးကို ချင့်ချိန်မယ်ဆိုရင် သူက ကောင်းကောင်း အဖြေမရှာနိုင်တာ မဟုတ်ပဲ ဆရာမချန်းက ဖရဲသီးလေး မတရားသဖြင့်ခံရဖို့ လွှတ်ပေးထားတာ ဖြစ်နိုင်တယ်လို့ပဲ သူ တွေးမိသည်။

ဒီလိုအကြောင်းတွေကြောင့်ပဲ သူက ဖရဲသီးလေးကို ေစျး မြင့်မြင့်နဲ့ ကိုယ်ပိုင်မူကြိုကျောင်းကို ပို့ပြီး သူ့တစ်ယောက်ထဲ ဂရုစိုက်နိုင်အောင် ဆရာမ သက်သက် ငှားခဲ့တာဖြစ်လေ၏။ဒါပေမယ့် ဒီဖြစ်ရပ်တစ်ခုလုံးကို သူ သိသွားတဲ့နောက် မှာတော့ ဒီမူကြိုကျောင်းကို သူ မကျေနပ်နိုင်ပါ။

ပြီးတော့ သူ ရိုက်ကူးရေးကို အချိန်တိုအတွင်း ပြန်ရမှာဖြစ်ပြီး အဲ့ဒီကို ဖရဲသီးလေးအား သူ ခေါ်သွားလို့လည်း မရတဲ့အတွက် သူ့မှာ ရွေးချယ်စရာမရှိပဲ ဒီလိုမျိုးပဲ ဖြေရှင်းဖို့ရှိတော့မည်။

ထောပတ်လုံးက ဒါရိုင်ဘာပေးလာတဲ့ ချိုချဥ်ကို ပါးစပ်ထဲမှာ ငုံထား၏။သူက ငိုတာရပ်သွားကာ သူ့မိဘ ဒီကို မလာတာသိကတည်းက နေလို့ထိုင်လို့ကောင်းနေသည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now