Rumors

9.2K 831 22
                                    

ဆောင်းရာသီ အစောပိုင်း မနက်ခင်းမှာ  အေးမြတဲ့ လေပြေလေညင်းလေးက တိုက်ခတ်နေ၏။

အရေးပေါ် ဖြစ်နေတဲ့ မျက်နှာအမူအရာနဲ့ ဖရဲသီးလေးက သူ့ဘောင်းဘီကို ဒူးနားထိရောက်အောင် ဆွဲချွတ်လိုက်ပြီး အိမ်သာခွက် မှာ ထိုင်လိုက်တော့တယ်။

ဒန်ဒန်က အနည်းငယ် ဟထားတဲ့ တံခါးကို တွန်းဝင်လာကာ  ကြမ်းပြင်တွင် ထိုင်ချလိုက်ပြီး ဖရဲသီးလေးကို စိုက်ကြည့်နေလေသည်။

အထဲကို ဝင်လာသော ပေါ်ရွှီက ဒန်ဒန်ကို မတော်တဆ ကန်မိသွား၏။ထို့နောက် သူက တစ်ရှူးအချို့ကို ဆွဲလိုက်ပြီး
"ဖရဲသီးလေး ဒီကိုလာ! မင်း ဖင်ကို သုတ်ရအောင်"

"Oh" ဖရဲသီးလေးက ပြန်ဖြေကာ နာခံစွာ သူ့ဆီကို လာလေတယ်။

ဖရဲသီးလေး လာနေတာကို မြင်လိုက်တာနဲ့ ပေါ်ရွှီ အိမ်သာအဖုံးကို မြန်မြန်ပိတ်လိုက်ပြီး ရေဆွဲချလိုက်သည်။

အိမ်သာကို ရေဆွဲချလိုက်၍ ဒန်ဒန်မှာ ရပ်တန် ့သွားပြီး ရန်လိုသော အကြည့်နှင့် ကြည့်လာတော့သည်။

"ပါးပါး ဒန်ဒန်က ဘာဖြစ်တာလဲ?"

"ကျားသစ်တွေက သူတို့ရဲ့ အစက်အပြောက်တွေကို မပြောင်းလဲနိုင်ဘူး။နောက်တစ်ကြိမ် မင်းအိမ်သာဝင်ရင် တံခါးပိတ်ဖို့ သတိရနော်"သူ့ဖင်ကိုသူ တစ်ရှူးနဲ့ သုတ်နေသော ဖရဲသီးလေးကို ပေါ်ရွှီ ကြည့်နေ၏။ထို့နောက် ပေါ်ရွှီ ဖရဲသီးလေးဖင်ကို ထပ်သုတ်ပေးလိုက်တော့တယ်။

ဒီနေ့က အလုပ်ဝင်တဲ့ ပထမဆုံးနေ့ဖြစ်၍ ပေါ်ရွှီ နောက်ကျလို့ မရပေ။ဒါကြောင့် မနက်စောစောတည်းက ဖရဲသီးလေးကို သူ မူကြို ပို့ရမည်။

ဖရဲသီးလေး ပေါ်ရွှီနဲ့ ခွဲနေရမှာလည်း ဒါပထမဆုံး အကြိမ်ဖြစ်လေ၏။ထိုသို့ ခွဲနေရမှာ သူ့အတွက် ခက်ခဲလွန်း၍ သူ့ရဲ့ ကြောက်လန့်နေမှုကို သိရှိစေလိုတယ်။ပေါ်ရွှီရဲ့ အင်္ကျီအစွန်းကို သူ လက်ချောင်းလေးတွေနှင့် တင်းကြပ်စွာ  ဆုပ်ကိုင်လိုက်ပြီး မျက်ရည်စမ်းစမ်း စမ်းစမ်းနဲ့ ပြောလိုက်တော့၏။
"ပါးပါး သားကို ပြန်လာခေါ်မှာလား?"

ကလေးတွေက သူတို့မိဘတွေဆီကနေ ပထမဆုံးအကြိမ် ခွဲခွာလာရတိုင်း စိတ်မသက် မသာ ဖြစ်ကြလေတယ်။ဒါအပြင့် ဖရဲသီးလေးက အခု တစ်နှစ်ကျော်ကျော်သာ ရှိသေးသည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now