Rival in Love

4.9K 672 30
                                    

ဖရဲသီးလေးရဲ့ အခက်အခဲတွေ ဖြေရှင်းလိုက်ပြီးနောက် မှာတော့ နောက်တစ်နေ့ရဲ့ နေရောင်ခြည်က ပို၍တောက်ပနေမည်လို့တောင် ပေါ်ရွှီ ခံစားလိုက်ရသည်။

မိုက် မဲလှတဲ့ ဒန်ဒန်က ပလတ်စတစ် အရိုးကို ပါးစပ်မှာ ကိုက်ထားရင်း ထဟောင်လေတယ်။

"ဖရဲသီးလေးကို သန့်စင်ခန်းက ထွက်ဖို့် သွားခေါ်လိုက်"
ပေါ်ရွှီ ဒန်ဒန်ရဲ့ အောက်ပိုင်းကို ကန်လို်က်ပြီး သန့်စင်ခန်း ရှိတဲ့နေရာကို ညွှန်ပြလိုက်၏။

ဒန်ဒန်ရဲ့ မျက်လုံးတွေက အရောင်လက်သွားသည်။သန့်စင်ခန်းကို သူ ပြေးသွားပြီး တံခါးကို ကုတ်ခြစ်တော့သည်။

အပြင်က တံခါး ကုတ်ခြစ်သံကို ဖရဲသီးလေး ကြားလိုက်ချိန်မှာ သူက သူ့အောက်ပိုင်းကို သုတ်ရင်း အလုပ်ရှုပ်နေချိန်ဖြစ်၏။ဒါကြောင့် သူ အရှိန် မြှင့်လိုက်တော့တယ်။

"ဖရဲသီးလေး ဖေဖေနဲ့ လာဆော့လေ"
ဇာတ်ညွှန်းကို လက် မှာကိုင်ထားတဲ့ ပေါ်ရွှီက ပျင်းသလို ခံစားနေရလေတယ်။

တောက်ပတဲ့ မျက်လုံးလေးတွေနဲ့ ဖရဲသီးလေးက သူ့ဆီကို ပြေးလာလေ၏။

"ဒီနေ့ ဖေဖေက စကားပြောတွေကို အလွတ်သွား ရွတ်ပြရမှာ ဒါကြောင့် ဖေဖေတို့ ဘယ်မှမသွားပဲ အိမ်မှာပဲ နေကြမယ်"
ခေါင်းကိုက်နေတဲ့ ပေါ်ရွှီက ဖရဲသီးလေးကို သူ့ လက် မောင်းကြားမှာ ဖက်ထားပြီး ဇာတ်ညွှန်းဖတ်ရင်း ပြောလာတယ်
"မင်းအတွက် ပိုက်ဆံတွေ ရှာဖို့ ငါ ပြင်းပြင်းထန်ထန် ကြိုးစားရမှာကွ"

အလွန် ညှာတာတတ်တဲ့ ဖရဲသီးလေးက
"ပါးပါး၊ ပါးပါးကို သား မနှောင့်ယှက်ပါဘူး"

မိဘတစ်ဦးတည်းရှိတဲ့ မိသားစုတွေက ကလေးတွေဟာ အရွယ်နဲ့မလိုက်အောင် ကြီးပြင်းလာကြသည်။

"ဖရဲသီးလေး ဖေဖေရဲ့ ဖုန်းနံပါတ်ကို သားသိလား?"
ပေါ်ရွှီက ရုတ်တရက် ခက်ထန်လာ၏။

ကြယ်ပွင့်တွေရဲ့ အချက်အလက်တွေကြောင့် ဖရဲသီးလေးကို မူကြိုပို့တဲ့ အချိန်တည်းက သူ့ကို ဆက်သွယ်ဖို့ ဆရာမတွေအတွက် SIM card အသစ်တစ်ခု သူ သီးသန့်ဝယ်ထားရသည်။

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now