Fans

5.9K 377 34
                                    

(Unicode)

ဖရဲသီးလေးက လျှောထိပ်မှာ မတ်တပ်ရပ်နေ၏။သူ လျှောမဆင်းခင်လေးမှာပဲ အင်္ကျီကော်လာကို ဖမ်းကိုင်ခံလိုက်ရ၍ သူ့မှာ ခြေတစ်လှမ်းတောင် မလှုပ်နိုင်တော့ချေ။

မျက်နှာဝိုင်းဝိုင်းနဲ့ ဖက်တီးလေးက သူ့အနားကို တိုးလာပြီး မေးတယ်
"ပေါ်ရန်ထင်း ငါ မင်းကို တစ်ခု မေးစရာရှိလို့"

ဖရဲသီးလေးက စိတ်ဆိုးစွာနဲ့ သူ့ကိုမလှုပ်နိုင်အောင်လုပ်တဲ့ ဖက်တီးလေးကို တွန်းထုတ်လိုက်ပြီး ပြန်မေးလိုက်တယ်
"မင်းက ဘာမေးစရာရှိလို့လဲ?"

"ပေါ်ယွီက မင်းအဖေလား? TVဇာတ်လမ်းထဲမှာ သရုပ်ဆောင်တယ်လေ"
လေးနှစ်သာရှိသေးတဲ့ ဖက်တီးလေးက တော်တော်များများကို နားလည်နေလေပြီ။

"ငါ မသိဘူး"
ဖရဲသီးလေးက ဘာကိုမှမသိတဲ့ အသံလေးနဲ့ ပြန်ပြောလိုက်တယ်။

ဖရဲသီးလေးက အရူးတစ်ယောက်နဲ့ တူတယ်လို့ ဖက်တီးလေးက တွေးမိသွားပြီး လွယ်အိတ်ထဲကနေ iPadကိုထုတ်ကာ ဖွင့်လို်က်သည်။iPadရဲ့ စခရင်ပေါ်မှာ ပုံလေးတစ်ပုံပေါ်လာ၏။ထိုပုံကို မြင်ကွင်းချဲ့ကာ မေးလိုက်တယ်
"ဒါက မင်းအဖေပုံ။မင်းက တကယ်သူ့သားလား?"

ဖရဲသီးလေးကလည်း စပ်စုသလို တစ်ချက်လှမ်းကြည့်လာပြီး ခေါင်းငြိမ့်ပြလေတယ်။

"ကောင်းတယ် အရမ်းကောင်းတယ်"
မျက်နှာဝိုင်းဝိုင်းလေးနဲ့ မျက်လုံးသေးသေးလေးရှိတဲ့ ကလေးဟာ လှောင်လာ၏။
"မင်း အဖေရဲ့ TVဇာတ်လမ်းတွဲက လုံးဝမကောင်းဘူး"

ပြောပြီးတာနဲ့ ဖက်တီးလေးဟာ iPadကိုသိမ်းကာ ဖျက်လက်သွက်လက်စွာနဲ့ အဝေးကို ပြေးတော့တယ်။

ကျန်ခဲ့တဲ့ဖရဲသီးလေးမှာတော့ ဒေါသတွေနဲ့အတူ အင်အားပြင်းပြင်းနဲ့ မြေကြီးကို ထိုးနှက်နေတော့သည်။

***********

ညကိုးနာရီရှိနေပြီ။

ဖက်တီးလေးက သူ့အဖေရဲ့စာကြည့်ခန်းတံခါးကို သွားခေါက်ကာ သူ့အဖေ ခွင့်ပြုချက်ရတာနဲ့ တန်းဝင်လိုက်ပြီး
"ဒယ်ဒီ"

စာကြည့်ခန်းထဲမှာ ကျောပေးထိုင်နေတဲ့ ချိုဖုန်းက သူ့ကို လှည့်ကြည့်လာ၏။ချိုဖုန်းက အလွန်တရာကို ချောမောလေကာ အပြုံးတစ်ပွင့်နဲ့ သူ့ကို ညင်ညင်သာသာပြောလာတယ်
"ဘာဖြစ်လို့လဲ"

You've reached the end of published parts.

⏰ Last updated: Oct 14, 2021 ⏰

Add this story to your Library to get notified about new parts!

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now