Snatch

5.4K 727 24
                                    

ရန်ဖေး ခုံတစ်ခုံမှာ ထိုင်လိုက်ပြီး ရှက်သွေးဖြာနေပုံဖြင့် ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။သူက စိတ်လှုပ်ရှားနေ၏။

"မင်း အထဲကို ဘယ်လိုဝင်လာတာလဲ?"
တံခါးပေါက်ဝကို ရန်ဖေး လက်ယပ်ခေါ်ကာ
"ဒီကိုလာ!ဒီမှာ ကောင်းတာလေးရှိတယ်"

သို့ပေမယ့် နောက်တစ်စက္ကန့်မှာတော့ ရန်ဖေးက ဒေါသထွက်စွာ အော်တော့၏။
"မင်းရူးနေလား?ဒါ ငါ့ရဲ့ ကွန်ပြူတာ အသစ်ကွ၊မင်း ဒီပေါ်ကို ရေတွေ ကျသွားအောင် လုပ်လိုက်
တာလား?မင်း ဒါ့အတွက် ငါ့ကို အလျော်ပေးရမယ်!"

"ငါ ဂရုမစိုက်ဘူး!တောသား!ငါ့ ကွန်ပျူတာအတွက် အလျော်ပေး!"ရန်ဖေးက နီရဲနေသော မျက်လုံးတွေနဲ့ အော်လေပြီး အလွန် ဒေါသထွက်နေပုံပေါ်လေသည်။

နောက်က တစ်စုံတစ်ယောက်က သူ့ကို တစ်ခုခု ပြောလေ၏။ရုတ်တရက် ရန်ဖေးက ရယ်မောလိုက်ပြီးနောက် ခံစားချက် မရှိတဲ့ မျက်နှာမျိုးကိုထိန်းရန် ကြိုးစားရင်း
"ထွက်သွားတော့!မင်း လစာထုတ်တာနဲ့ ငါ့ကို ချက်ချင်း ပိုက်ဆံလာပေး"

ရန်ဖေးကလည်း ပေါ်ရွှီလိုပဲ စက် မှုပညာရှင်တစ်ယောက်လို အစမ်း သရုပ်ဆောင်ပြသည်။ဒီစိန်ခေါ်ရတဲ့ အပိုင်းကတော့ စက် မှုပညာရှင်က အခန်းထဲမှာ လူကြီးဗီဒီယိုတွေ ခိုးဝှက်ကြည့်နေချိန် ကိုယ်ကျင့်တရား ကြီးမားတဲ့ ရှေးရိုးစွဲလူက တွေ့သွားပြီး အသစ်စက်စက်ဝယ်ထားတဲ့ ကွန်ပျူတာပေါ် ရေတွေလောင်းချတဲ့ အပိုင်းဖြစ်လေတယ်။

ပေါ်ရွှီ ဒါရိုက်တာဝမ်ကို ကြည့်လိုက်ချိန် ဒါရိုက်တာနဲ့ စာရေးဆရာက ခေါင်းငြိမ့်နေသည်ကို တွေ့လိုက်ရ၏။သူတို့က ရန်ဖေးရဲ့ သရုပ်ဆောင်မှုကို စိတ်ကျေနပ်ပုံပေါ်သည်။ပေါ်ရွှီလည်း မကူညီနိုင်တော့ပဲ စိုးရိမ်ကြောက်ရွံ့မှုကို ခံစားလာရလေတယ်။

ရန်ဖေး မျက်လုံးတွေက အခုထိ နီရဲနေသေးပြီး မိမိကိုယ်ကို ကျေနပ်နေသော မျက်နှာအမူအရာတစ်ခုနဲ့ သရုပ်ဆောင်မှုကို ရပ်လိုက်တော့သည်။

"ကျွန်တော့်ရဲ့စီနီယာ၊ကျွန်တော့်ကို ကျွန်တော် အရူးတစ်ယောက်လို လုပ်လိုက် မိလို့ ခွင့်ပြုပါ"
ရန်ဖေးက သူ့ခုံကို ပြန်သွားရင်း ပေါ်ရွှီကို ေပြာလာတယ်
"ကျွန်တော်ရဲ့ သရုပ်ဆောင်မှုကို ခင်ဗျား မရှက်လောက်ပါဘူးနော် မှန်တယ်မလား?"

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now