Secret Love

4.6K 678 28
                                    

ဒီကားက မြို့ပြမှာ နေထိုင်တဲ့ ယောကျာ်းတွေကို အဓိကထားရိုက်သော TVဇာတ်လမ်းတွဲတစ်ခုဖြစ်၏။ဒါပေမယ့်လည်း အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက်တို့ရဲ့ အချစ်ဇာတ်လမ်းကလည်း အလွန်ပင် အရေးကြီးလှသည်။တစ်နည်းအားဖြင့်  ယောကျာ်းတွေရဲ့ လိင်တူအသားပေးတဲ့ ဇာတ်လမ်းတစ်ခုဖြစ်နေမယ်ဆိုရင် ကြည့်ရှုသူနှုန်းက ကျဆင်းသွားလိမ့်မည်။

တတိယဇာတ်ရံ တစ်ယောက်အနေဖြင့် ပေါ်ရွှီရဲ့ သရုပ်ဆောင်အပိုင်းက သိပ်မများလှပေ။ပြီးတော့ ဒါက အပိုင်း သုံးဆယ်သာပါတဲ့ TV ဇာတ်လမ်းတွဲတစ်ခု ဖြစ်လေ၏။ဒါကြောင့် လတစ်ဝက်ကျော်လောက်နဲ့ သူ ရိုက်ရမယ့်အပိုင်းက အကုန် ပြီးသွားသည်။

ပေါ်ရွှီ အခု ဒီလောကထဲ ပြန်ဝင်လာတာ သိပ်မကြာသေး၍ ရရှိတဲ့ ဝင်ငွေက သိပ်မများ။အေဂျင်စီနဲ့ အမြတ်အစွန်း ဝေမျှခြင်းကနေ နှုတ်ပြီးတဲ့နောက် မှာ သူ 150,000 ယွမ်သာ ရရှိလေတယ်။

ဒါပေမယ့်လည်း သာမန်လူတစ်ယောက်အတွက် လဝက်အတွင်း ဒါမှမဟုတ် ဒီထက်ပိုကြာတဲ့အချိန်အတွင်းမှာ ရတဲ့ ဒီ 150,000ယွမ်ကတော့ တော်တော်တော့များသည်။

ပေါ်ရွှီ ဒါကို ဂရုမစိုက်ဘူး။အစောက သူ့အကောင့်ထဲ ရောက်လာတဲ့ ပိုက်ဆံတွေနဲ့ ဖရဲသီးလေးကို သူနဲ့အတူ ခေါ်သွားပြီး ဟော့ပေါ့သွားစားရန်သာ သူ တက်ကြွနေ၏။

..........

အစည်းအဝေးပြီးလို့ သူ့ ရုံးခန်းထဲ ပြန်လာတဲ့ စုန့်ရှီလင်က အတည်ပြုချက်လိုတဲ့ အချက်အလက်တွေကို သူ လက် မှတ်ထိုးပြီးတာနဲ့ ဘေးမှာ ထားထားတဲ့ ဖိုင်တစ်ခုကို ကြည့်လိုက်သည်။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် စုန့်ရှီလင် ဖိုင်ကို ကောက်ယူပြီးကြည့်လိုက်သော်လည်း ဒါတွေက သူ အရင်က မြင်ဖူးခဲ့ပြီးသားပင်။

__လွန်ခဲ့တဲ့ နှစ်နှစ် ပေါ်ရွှီက ဝေးလှတဲ့ မြို့ကိုထွက်သွားပြီး တစ်ခြား ဘယ်သူမှမသိအောင် နေထိုင်ခဲ့တယ်။သူ လူမြင်ကွင်းကို ပြန်ရောက်လာချိန်မှာတော့ သူ့မှာ တောက်ပပြီး နူးညံ့ကြင်နာတဲ့ ကလေးတစ်ယောက် ရှိနေပြီ။

ဘယ်သူ့မှ ကလေးအမေကို မမြင်ဖူးကြဘူး။

ဒါဆို ဒီကလေးက ဘယ်ကထွက်လာတာလဲ?

လမ်းခွဲခြင်းကဟာသမဟုတ် (Myanmar translation)Where stories live. Discover now