Part 25

831 55 3
                                    

Unicode

အဲ့ရိပေါ်စုတ်က ဘာမှန်းကိုမသိဘူး၊ သူများအလုပ်လုပ်ခါနီးကြီးကို ရင်တေတုန်အောင်...... တရားပဲတော့ အိုက်....

ရှောင်ကျန့်ခမျာ ရိပေါ်စကားကြောင့် ရင်တေမခုန်သွားရှာဘူး..... ရင်ထဲမှာ ဖိုးသိုးဖက် ဖိုးသိုးဖက်သက်နဲ့ရယ်.....

ဆိုင်ထဲဝင်တာတောင် လမ်းလျှောက်တာမဖြောင့်၊ သူ့ခမျာ ဒူးတောင်မခိုင်ချင်.....

အော် ရှောင်ကျန့် ရှောင်ကျန့်.....သိပ်ရင်မခုန်သွားရှာဘူးကိုး... သိပ်ရင်မခုန်သွားရှာဘူး....

ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကြီးငုံ့ပြီး ဆိုင်ထဲ အတင်းတိုးဝင်လိုက်တာ....ဖြစ်ချင်တော့.....

"အာ့!. ..."

"အယ်...

"က...."

"သားကျန့်"

"ဉီးလေး..... "

"သားကျန့်ရယ် ဘယ်လိုဖြစ်တုန်း...အတင်းတေပြေးဝင်လာတာ...နောက်က ဘယ်သူလိုက်လာလို့တုန်း...."

"ဘယ်သူမှမလိုက်ပါဘူး သား နောက်ကျလို့ ပြေးလာတာ...."

"ဟမ်....တယ်လေ ဒီပေါက်စနဲ့တော့ နာရီလည်း ကြည့်အုံး အစောကြီးရှိသေးတယ်..."

"ဟတ်လား.. ဟဲဟဲ...သားမှားကြည့်တာနေမှာ....."

"သားကောင်လေးက မပြောဘူးလားကွဲ့ ...."

***...ဘယ်ကောင်ကိုပြောနေတာ....အာ...ဉီးလေးကလည်း...***

"ဉီးလေးကလည်း ဘယ်ကသားကောင်လေးရမှာလည်း သားသူငယ်ချင်း....သားသူငယ်ချင်းပါဗျ...."

"အေးအေး ဉီးလေးလည်း ပြောချင်ဇောအားကြီးသွားလို့ပါကွာ...သားသူငယ်ချင်း..ဘယ်သူ!! ရိပေါ် အေးအေးအေး သူကမပြောဘူးလား...."

"အော် သူလည်း နာရီမကြည့်မိလို့ နေမှာပေါ့ ဉီးလေးရယ်...."

"အေးအးအေး အာ့ဆိုလည်း သွား အဝတ်အစားလဲချည်....."

"ဟုတ်...ဒါနဲ့ မနက်ကကျွန်တော့်အမ လာသွားသေးတယ်ဆို....."

"အာ ဟို ဇီယီဆိုတာလား...အင်း လာသွားတယ်...."

"သူ သားအကြောင်းတေ ဘာပြောသွားသေးလည်း..... "

***ဇီယီက သိပ်ပြောရတာမှုတ်ဖူးရယ်....ဉီးလေးကို သူ့အကြောင်းတေ ပြောခဲ့ရင် ဘယ်နဲ့လုပ်မလဲ....ကိုယ့်ကို သူဌေးသားမှန်းသိရင် သူတို့ကိုယ့်အပေါ်ကို ဆက်ပြီးရိုးရိုးသားသားဆက်ဆံနိုင်ကြပါအုံးမလား....
တွေးကြည့်ရင် အိုက်ကိစ္စကတကယ်ကို ရင်လေးစရာပဲ....***

You're my destinyWhere stories live. Discover now