Part 28

566 37 5
                                    

"ယွီပင်း!!.."

"ငါတို့ဒီမှာ...."

"ဟူး!!....အမလေး မောလိုက်တာ....."

"ကြာလိုက်တာဟာ နင်တို့ကလည်း ....စောင့်နေရတာလည်း အိုသေတော့မယ်...ဟိုမယ် ကားကထွက်တော့ပါမယ်ဆိုမှ..."

"အော် အမကလည်း ဆိုင်မှာလူနည်းနည်းတော့ စောင့်ရသေးတယ်လေ..."

"အာ့ထက်ယွီပင်း...ဟိုကောင်ငကျန့်ရော....."

"ငကျန့် လား ....အဲ့ကောင် ရိပေါ်နဲ့ဘာဖြစ်တာတုန်းမသိဘူး စိတ်ဆိုးပြီးထွက်သွားလို့ အဲတာ ရိပေါ်လိုက်သွားတယ်...."

"အချစ်စမ်းနေတာနေမှာပေါ့...."

"ဟေ့ရောင်...."

ကျန်းချန်ကရှောင်ကျန့်တို့အကြောင်းကို လွှတ်ခနဲပါးစပ်ကထွက်တော့ ယွီပင်းကတံတောင်နဲ့ လှမ်းတွတ်တယ်

"လုပ်မနေနဲ့ ငါသိပြီးသား...ရောက်ကတည်းက ဒင်းတို့ဘာလဲဆိုတာ သိတယ်....."

ထိုအခါကျန်းချန်က

"မနေ့ တစ်နေ့ကမှရောက်တဲ့အမတောင် တန်းရိပ်မိတာကို အမမောင်ဟိုငကျန့်တစ်စက်မှမရိပ်မိတာ တကယ်အံ့ဩတယ်သိလား....ဒါတောင်ဟိုကဖွင့်‌ပြောလို့ ၊မပြောများမပြောမိလို့ကတော့ တစ်သက်လုံးတောင်သိမယ့်ပုံမပေါ်ဘူး....ဒူချက်ကတော့ ကမ်းကုန်တယ်..."

"အံမယ် နင်တို့က ငါအမတစ်ယောက်လုံးကိုရှေ့ထားပြီး ငါ့မောင်အကြောင်းအတင်းတုပ်နေတယ်ပေါ့ ဟမ်...."

"အမကလည်း အမှန်တေပဲဟာကို...."

"နင့်ဘကြီးကိုပဲ မှန်နေလိုက်....တော်ပြီတော်ပြီ ငါသွားတော့မယ် ဟိုမှာကားဆရာ ငါ့ကိုမျက်ထောင့်နီကြီးနဲ့ ကြည့်နေတာ ၊အခုနေမသွားရင် ငါ့ထားခဲ့လိမ့်မယ်...ဟိုငကျန့်တို့အတွဲကိုလည်း စောင့်မနေတော့ဘူး ကားပေါ်ရောက်မှပဲ ဖုန်းဆက်ပြောလိုက်တော့မယ်....ကဲကဲ သွားပြီ သွားပြီ...."

"‌‌ဟုတ်အမ ..."

"အမလေး မေ့တော့မလို့ ..ယွီပင်း ငါ့မုန့်ပေးအုံးလေ..."

"အဲ ဟုတ်သားပဲ မေ့ပြီးကိုင်ထားတာ...အမကလည်းနော် ဒါတော့သတိရသား...."

You're my destinyWhere stories live. Discover now