Part 42

378 24 0
                                    

"ဝေ့ ရိပေါ် ...ဝေ့! ဟေ့ရောင် ထလို့...ရိပေါ်ရေ ထလို့!!!..."

"ဟမ်ဟမ်ဟမ်!!..."

ပါးစပ်ကတဟမ်ဟမ်နဲ့ ယောင်တိယောင်ဝါးရွှတ်ပြီး အိပ်ချင်မူးတူး မှုန်ကုပ်ကုပ်ရုပ်နဲ့ထလာတဲ့ရိပေါ်ကြောင့်
ယောက်ရွှမ်းရယ်ချင်မိသွားသည်။

ဒါပေမယ့်လည်းမရယ်ပါ...အဲ့သူတောင်းစားကြောင့် သူအခုမှအိမ်ပြန်ရောက်ရတာလေ...

"အား ဘာလို့ငါ့ကိုလာနှိုးနေတာလဲကွာ... ဒီမှာအိပ်ကောင်းနေတာကို..."

"အိပ်ကောင်းတယ်ဆိုနေရအောင် ဒါမင်းအခန်းမဟုတ်ဖူး ဧည့်ခန်း!ဧည့်ခန်းကွ!..ကျက်သရေတုံးအောင် ကိုယ့်အခန်းကိုယ်သွားအိပ်တာမဟုတ်ဖူး..."

"ကျစ်...အာ့ထက် ခုဘယ်နှစ်နာရီလဲ..."

"11ခွဲ..."

"မင်းကဘာလို့ခုမှပြန်လာတာလဲ..."

"ပြန်လာချင်တိုင်းပြန်လာရအောင် ငါကမင်းလိုအားယားမနေဘူး ဟိုမှာ မိတ်ဆွေတွေအသိတွေ ရှိသေးတယ်...ခုတောင်ကံကောင်းလို့ အကိုကျန်းနဲ့တွေ့ပြီး ပြန်လိုက်ပို့ခိုင်းတာ....မင်းနဲ့ကတော့ ဟမ့် ကွာပါ့...

သွားတာဖြင့် ဒီသူငယ်ချင်းလေးနှစ်ယောက်ထဲကို စိတ်ဓာက်ကမပြောချင်ဘူး...."

"အဲ့ဒါက မင်းဟာမင်း သွားသဝေထိုးနေတာလေ...နီးနီးနားနားနေပါ့လား...."

"နီးနီးနားနားနေရအောင် မင်းဘာသာမင်း လမ်းသလားတာလေ....ငါနောက်လှည့်ကြည့်တော့ မင်းမှမရှိတော့တာ... မင်းမပျောက်အောင် ငါကမျက်စိဒေါက်ထောက်ကြည့်နေရမှာလား ..."

"တော်တော်တော်တော်...ငါ့ကိုပွစိပွစိတွေထပ်မပြောတော့နဲ့....ငါနားတွေငြီးလာပြီ...."

"ဟမ့် ငါကပဲ လူမိုက်ဖြစ်သွားတယ်..."

ဟောက်ရွှမ်းပြောနေရင်းမှရိပေါ်လက်ထဲကပန်းချီကားဆီအကြည့်ရောက်သွားသည်။

သူရောက်ကတည်းက ပန်းချီကားကိုသတိထားမိလိုက်ပေမယ့် ရိပေါ်ကိုပြောချင်ဆိုချင်နေတာကြောင့် ပန်းချီကားအကြောင်းခဏမေ့သွားခဲ့သည်။ အခုမှ ရိပေါ်လက်ထဲပြန်ကြည့်မိရင်း သတိရသွားခြင်းသာ....

You're my destinyWhere stories live. Discover now