Part 16

1K 82 1
                                    

Unicode

"yibo.!!...."

"Yibo!!!..."

***သူမနိုးသေးဘူးလား၊ အာ...အဲ့တာလည်းမဟုတ်​လောက်ပါဘူး.. ဒီအချိန်ကြီးတောင်ရှိနေပြီကို...ဘာလုပ်နေပါလိမ့်***

**ဂျလောက်**

ဟင် တံခါးပွင့်သွားပြီ

တံခါးကြားကနေ ခေါင်းလေးပဲ ပြူထွက်ပြီး ကျွန်တော့်ကိုကြောင်ကြည့်နေတဲ့ yiboကြောင့် ဘာကြောင့်လဲဆိုတာ သိလိုက်ပြီလေ

Yibo သူမကြောင်ပဲနေမလား....မနေ့ကတင် သူရည်းစားစကားပြောထားတဲ့သူက ကျောင်းအတူတူသွားဖို့ အခန်းရှေ့မှာလာခေါ်နေတာဆိုတော့ ကြောင်သင့်ပါတယ်လေ ​ေနာ့

သူကတော်ပါသေးတယ်...သူကကြေ​​​​ာင်ပဲကြောင်တာလေ....ကိုယ့်မှာတော့ မျက်နှာပူပူနဲ့ကို သူ့ကိုလာခေါ်ရတာ.....

ဟိုသေချင်းဆိုးလေးတွေကလည်း သွားခေါ်လိုက်ပါဆိုတာကို အင်တင်တင်တွေလုပ်နေကြတယ်လေ....နောက်ဆုံးတော့ လာခေါ်ရတာ ကိုယ်တွေပဲ.....

***ရှက်လိုက်တာဆိုတာ မျက်နှာဘယ်ထားရမှန်းတောင် မသိတော့ဘူး....***

ဒီအခြေအနေရောက်နေမှတော့ ရှက်လည်းမထူးတော့ပါဘူး....ဘာမှမဖြစ်တဲ့ပုံစံပဲ ဖမ်းထည့်လိုက်​ေတာ့တယ်

"xiao....xiao zhan...."

"အာ...yiboပြီးသေးဘူးလား....ကျောင်းသွားမယ်လေ....ငါခေါ်နေတာဖြင့်ကြာလှနေပြီကို...မြန်မြန်လုပ်တော့... ဟိုကောင်တွေ အခန်းမှာပဲ စောင့်နေမယ်နော်...ကြားလား မြန်မြန်လုပ်.."

"အင်..အင်းးးးး...."

"ငါသွားပြီ.."

Yiboအခုထိ သူမယုံနိုင်သေးပါ....xiao zhanကအရင်လို သူနဲ့အတူတူ​ကျောင်းသွားဖို့လာခေါ်တာတဲ့...ဒါ...ဒါဖြစ်နိုင်ပါ့မလား

ဖြစ်နိုင်တာမဖြစ်နိုင်တာက အသာထား၊အခုသူ့ကိုကြည့်ရတာ မနေ့ကဘာမှမဖြစ်ခဲ့တဲ့အတိုင်းပဲ၊ ဧကန်န သူက ကျွန်တော်ပြောခဲ့တာတွေအားလုံးကို အ​ေလးမထားတာလား၊ ခက်ပေါ့ပေါ့ပဲ တွေးလိုက်တာလား...သူကလေ....

ကျွန်တော့်မှာတော့ သူ့ကိုဖွင့်​ပြောပြီးကတည်းကကို နေရတာလံုးဝကိုစိတ်မသက်သာ၊ ညကအိပ်တာတောင်ဖြောင့်ဖြောင့်မအိပ်ပျော်နိုင်.......

You're my destinyTahanan ng mga kuwento. Tumuklas ngayon