Part 13

1.1K 76 5
                                    

Unicode

xiao zhanရုတ်တရက်ကြီးထသွားတာကြောင့် သူစတာလွန်သွားပြီဟု သိလိုက်ပေမယ့် ဟိုကတော်တော်ဝေးဝေးကိုရောက်နေပြီ

သူပြန်ချော့ဖို့အတွက်လှမ်းအော်ခေါ်နေပေမယ့် xiao zhanကတော့ ယောင်လို့တောင် လှည့်ကြည့်မလာ

အရင်ကဆို သူအဲ့လိုခေါ်လိုက်တိုင်း xiao zhanကရပ်ပြီး သူ့ဆီကို စိတ်ဆိုးပြီးပြန်ပြန်လှည့်လာတာ ၊ အခုဒီတစ်ခါကတော့ မှန်းချက်လွှဲသွားပြီ

စိတ်ဆိုးသွားတဲ့ xiao zhanကို သူလိုက်ချော့ဖို့အမှီ အပြေးကလေးလိုက်လာတော့
စိတ်မကောင်းစွာပဲ သူဘယ်သွားရမလဲမသိ

နောက်ဆုံး စာကြည့်တိုက်ဘက်မှာရှိလောက်မလားဆိုပြီး လာကြည့်တော့
စိတ်တိုစရာ မနှစ်သက်ဖွယ် မြင်ကွင်းက ဆီးကြိုလို့နေသည်.......

ဘယ်သူမှန်းမသိတဲ့ယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာရောက်နေတဲ့ xiao zhan ၊ ဟိုတစ်ယောက်ကလည်း သူ့ကိုဖက်ထားလိုက်တာဆိုတာ

ဒီအချိန်မှာ အဲ့ကောင်ဘာကောင်လဲဆိုတာလည်း မသိချင်ဘူး၊ ပြေးပြီး ခေါင်းရိုက်ခွဲချင်တာပဲသိတယ်...ဒါပေမယ့် အဲ့လိုသွားလုပ်လို့ကမဖြစ်၊ xiao zhanကရန်ဖြစ်တာမကြိုက်တဲ့အတွက် သူ့ကိုပဲ အပြစ်တင်မှာ......

ဒီတော့ခေါင်းရိုက်ခွဲချင်စိတ်ကို အောင့်သာထားရတော့သည်၊ စိတ်ထဲတွင်တော့ အဲ့ကောင်ကို အ​သေကိုသတ်နေတာ....

အားးးး....ဒီမြင်ကွင်းကိုကျွန်တော်ဘယ်လိုမှ မကြည့်နိုင်ပါ....ဒီမြင်ကွင်းက ကျွန်တော့်နှလုံးသားကို အစိမ်းသက်သက်ဓားနဲ့ခွဲပြီးဆားနဲ့ ပတ်လိုက်သလိုပဲ...နာကျင်မှုကပြောလို့တောင်မ​ြပတတ်.....

3စက္ကန့်လောက်ကြာတော့မှာ xiao zhanက ပြန်ခွာရင်းစကား​ပြောတယ်၊ဒါတောင် ဟိုအကောင်က xiaozhanလက်ကိုကိုင်ထားသေးတယ်၊အကြည့်တွေကိုလည်းလုံးဝကိုမကြိုက်ဘူး.....

တကယ်ပါပဲ....ကျွန်တော့်အတွက်တော့ အဲ့3စက္ကန့်က ကမ္ဘာပျက်မတက်ပဲ...ရင်မှာပူလောင်နေရတာဆိုတာ......

You're my destinyWhere stories live. Discover now