Part 18

1.1K 73 1
                                    

Unicode

တစ်ခုပြောမယ်နော်....နောက်အပိုင်းတွေကိုလေ xiao zhan တို့နာမည်တွေကို မြန်မာလိုလေးပဲ ရေးပေးတော့မယ်နော်....ဖတ်တဲ့သူတစ်ချိို့ အဆင်ပြေအောင်လို့ပါနော်.....

******************************
Unicode

စားတိုင်းသာ ဝကျေးဆိုရင်လေ ကျွန်တော့်ရဲ့ ယုန်ပေါက်ကတော့ အခုချိန်ဝက်ဖြစ်နေလောက်မှာ ကျိန်းသေတယ်

တကယ် တော်တော်လေးကို စားနိုင်တယ် ၊ စားသမျှတွေကလည်း ဘယ်တွေများရောက်ကုန်တုန်းမသိ လူလေးက​တော့ ပိန်သေးသေးလေးရယ်

ကျွန်တော့်ခေါက်ဆွဲပြုတ်တွေကိုလည်း စားတယ် သူ့အတွက်ဖယ်ထားတဲ့ ခေါက်ဆွဲလည်း အဝတီးသေးတယ်....တကယ်...တကယ့်ကို အစားသရဲလေးပါပဲ...

ကိုယ်တော်လေးက စားလို့ဝါးလို့လည်း ပြီးရော သူစားပြီး ဗိုက်ဝပြီဆိုတာလေးကို သူ့ဗိုက်လေးကိုပွတ်ပြပြီး ငြိမ်ကျသွားတယ်.....စားပြီးဗိုက်ဝလို့ ငိုက်လာပြီဆိုတဲ့သဘော.....

"ထားလိုက် ရှောင်ကျန့်...ငါဆေးလိုက်မယ်....မင်းနားနေလိုက်......"

"အားနာစရာကြီး..... ထားလိုက်ပါ....ပြီးမှငါ...."

"ရတယ်....အားမနာနဲ့......မင်းတအားစားထားတာ ငြိမ်ငြိမ်လေးနေ........."

"အင်း...ရှဲရှဲ.....မင်းလည်း ပြီးတော့ နားရင်နားနေလိုက်လေ.....ငါလည်း....... "

"မင်းအစာကြေဆေးစားထား...."

"ဟမ်....ဘာ....ဘာဆေး....."

"အစာကြေဆေးလေ....ဘာလဲ မင်း...မင်းအရင်ကမစားဘူးလား...."

"ဟင့်အင်း..ငါ..."

"မင်းဒီလောက်စားထားတာကို ဘာဆေးမှမသောက်ဘူးပေါ့....မင်းအစာမကြေပဲမနေဘူးလား...."

"ငါပြောမယ်....ငါမသောက်တော့မသောက်ဘူး....ဒါပေမယ့် အရင်တုန်းက အိမ်မှာဆိုတော့ မားမားကအတင်းသောက်ခိုင်းတာလေ....အဲ့ကျတော့ ငါသောက်တယ်.....အခုငါ့ဟာငါဆိုတော့ မသောက်မိဘူး....အရင်ကမသောက်ဘူးမဟုတ်ဘူး သောက်တယ်...အခုကသတိမရလို့မသောက်ဖြစ်တာ
Ok...."

အော်...အေးအေးအေး....မေးမိတဲ့ငါဝမ်ရိပေါ်မှားတာပါ ရှောင်ကျန့်ရယ်....အရင်ကသူဆေးမသောက်ဖူးလားလို့ အပြစ်ပြောမိတဲ့ကိုယ့်ကို စပရှယ်ကို ပြန်ချေပလိုက်တာ... သူသောက်ဖူးတယ်တဲ့......အခုကမေ့နေတာတဲ့....okတဲ့...အဲတော့ ကိုယ်ကလည်း okပေါ့ကွယ်....okပေါ့........

You're my destinyWhere stories live. Discover now