part 29

523 33 1
                                    

Unicode

"ဝေ့ ကျန်းချန်"

"ဘာလဲ"

"မင်းငကျန့်တို့ကိစ္စဘယ်လိုထင်လည်း..."

"လာပြန်ပြီလား ဒီငကျန့်တို့ဇာတ်က...."

"မဟုတ်ဖူးလေကွာ...ငါပြောချင်တာက နှစ်ယောက်လုံးက ဘာလိုလိုညာလိုလိုနေပြီဟာကို ငါတို့ကို "မဟုတ်ဖူး ၊မဟုတ်ဖူးနဲ့ "ဖင်ပိတ်ငြင်းနေတာလေ..."

"အဲတော့.."

"ဘာအဲတော့ရမှာလည်း မင်းပထွေးလေးတွေက ငါတို့ကိုအမှန်အတိုင်းပြောလို့လား..."

"......."

"ဟာ မင်းကလည်းကွာ ငါ့ကိုအာ့လိုကြီးမကြည့်နဲ့လေ၊ ငါပြောချင်တာက သူတို့ဘယ်အခြေအနေထိရောက်နေပြီလဲဆိုတာကို ငါတို့ကိုဖွင့်ပြောလာအောင် လုပ်ချင်လို့...."

"လုပ်ချင် လုပ်ပေါ့..."

"လုပ်ပေါ့ဆိုတော့ ငါ့မှာလုပ်စရာနည်းလမ်းမှမရှိတာ ၊ရှိမှတော့ လုပ်ပြီးနေတာကြာပေါ့ ၊ အခုက ဘာလုပ်ရမှန်းကိုမသိလို့ မင်းနဲ့လာတိုင်ပင်နေရတာလေ....."

"......"

"ကျန်းချန်! မင်းကလည်းကွာ ငါ့ကိုအဲဒီ့မျက်နှာဘေးကြည့်နဲ့မကြည့်စမ်းပါနဲ့ဆို ဘာရုပ်ကြီးမှန်းကိုမသိဘူး...."

"ငါဟာငါကြည့်တာ မင့်အပူပါလား ၊ သူ့မျက်လုံးနဲ့ကြည့်တာကျလို့ ငါ့ဟာငါဘယ်လိုကြည့်ကြည့်ပေါ့...."

"ဟုတ်ပါပြီ ဟုတ်ပါပြီ ၊ မင်းကြိုက်သလိုသာကြည့်... ဟုတ်ပြီလား.... ကြည့်ပြီးသွားရင်တော့ ငကျန့်တို့ကိစ္စ စဥ်းစားပေးစမ်းပါအုံးကွာ...."

"မင်းတအားဇာတ်ရှုပ်တာပဲကွာ..."

"ငါကရှုပ်တာလား ၊ သူတို့ကပဲ ရှုပ်ထားတာလားဆိုတာလဲ စဥ်းစားကြည့်စမ်းပါအုံး ကိုတင်မောင်ရယ်...."

"ငါ့ကိုအဲ့နာမည်ကြီးမခေါ်စမ်းပါနဲ့...ဘာကြီးမှန်းလည်း မသိဘူး...."

"ငါ့ပဲလိမ့်ပြောမနေနဲ့ မင်းလည်း ငကျန့်တို့ကိုကြည်နေတာမို့လို့လား..... "

"ငါကမကြည်လဲ ငါ့ဘာသာငါနေနိုင်တယ် ၊မင်းသာ ဝင်ဝင်လျှာရှည်တာ...."

You're my destinyWhere stories live. Discover now