Part 31

455 30 1
                                    

Unicode

"ဟေ့ ငကျန့်! မင်းကလည်း ကြာလိုက်တာကွာ...နောက်ထဲလေးခဏသွားတာကို...."

"ဝေ့ နေပါအုံး....မင်းကဘာလို့ရ်ိပေါ်နဲ့အတူဝင်လာတာလဲ....မင်းသွားတာနောက်ကိုလေ...ဘယ်လိုလုပ်..."

"မင်းရိပေါ်နောက်လိုက်သွားတာလား...."

"မင်းဘကြီး! ဘာတွေလာပြောနေတာလဲ....မင်းတို့ကလေ ထင်ရာတွေပဲစွတ်ပြောနေတယ်..."

"အာ့ဆိုလဲ ရှင်းလေ...နောက်ထဲဝင်ပြီးရှေ့ကပြန်လာတဲ့ကိစ္စကို...."

"ရှင်းမယ်...ရှင်းမယ်...."

"ငါခုနကသွားတာလဲ နောက်ကိုပဲ....အဲ့မှာဦး​လေးကြီးတစ်ယောက်နဲ့တွေ့လို့ ....အဲ့ဦးလေးက ခေါင်းမူးနေလို့ ရှေ့ကိုပို့ပေးလို့ရမလားဆိုလို့ ရှေ့ကိုလိုက်ပို့ပေးတာ.....

ပြီးတော့ taxiပါတစ်ခါတည်း ငှားပြီးတင်ပေးလိုက်တာ....ဦးလေးကြီးလည်း သွားရော ငါပြန်လာဖို့လုပ်တော့ ဝင်ပေါက်နားမှာ ရိပေါ်လည်း ဖုန်းပြောလို့အပြီးနဲ့တိုးလို့ အတူတူပြန်ဝင်လာတာ...."

"အော်....အဲ့လိုလား..."

"အဲ့လို..အဲ့လို...ငါ့ဆိုပြောဖို့ပဲချောင်းနေကြလားမသိဘူး ....တကထဲ လူမြင်တာနဲ့ ပွစိပွစိနဲ့ပေါက်ပေါက်ဖောက်တော့တာ...."

"ဟေ့ရောင်..မင်းအဲ့လိုတော့ ငါတို့ကို စော်တကားမော်တကားမပြောနဲ့....မင်းသွားတာလည်း ကြည့်အုံး... ဒီမယ် မိနစ် 20 ကြီးများတောင်...ငါတို့က စားသာစားနေရတာ ရင်ထဲပူနေရတာကွ...ဘာများဖြစ်လို့လဲဆိုပြီးတော့...."

"အေးပါ ငါမှားပါတယ် သူငယ်ချင်းကောင်းတို့ရယ် ....ရင်ပူနေလို့ပဲနော်.... စားတာတော့ တော်တော်ဝင်တယ်...တစ်ဝက်ကျိုးတော့မယ်...."

"အဲတာတော့ အဲတာပေါ့..... ဟဲဟဲ...စိတ်ပူတာက စိတ်ပူတာပဲလေ....အာ့ထက်မင်းမျက်နှာကြီးက ဝင်လာတုန်းက ဘာလို့ တော်တော်ရဲနေတာလဲ...."

"ဘာမှမဟုတ်ပါဘူး နည်းနည်းပူလာလို့ပါ...."

"ရိပေါ်... မင်းကလည်း ပြုံးစိစိကြီးနဲ့..."

"ငါက ဒီလိုပါပဲ...အဆင်ပြေတာလေး တစ်ခုရှိလို့...."

"အော်...တော်တော်အဆင်ပြေခဲ့တယ်နဲ့တူတယ်...."

You're my destinyWhere stories live. Discover now