Part 22

952 62 4
                                    

Unicode

ရိပေါ်တစ်ယောက်​​ယောက်​ကြေကွဲတဲ့စိတ်နဲ့ အိိပ်ယာပေါ်မှာ ဟိုလိမ့်သည်လိမ့်လုပ်ရင်း မနက်3နာရီသာထိုးသွားသည် လူကတော့ ပြူးကြောင်ကြောင်ကြီးရယ်

နောက်ဆုံးအတင်းဖျစ်ညှစ်ပြီး အိပ်ပျော်အောင် ကြိုးစားအိပ်မှပဲ အိပ်ပျော်သွားရတော့သည်......

တီတီတီတီ.......

ဟာ!!!!...သေနာနာရီစုတ်....သေအောင်တေအော်နေ....

ဂွတ်!!..ဒုတ်ဒုတ်!!!..

နှိုးစက်နာရီကို ထထုပြီးပြန်အိပ်မယ်ကြံခါရှိသေး နောက်တစ်ခါထပ်အော်ပြန်တဲ့ နာရီစုတ်.....

"ဟာ!!!...နားငြီးတယ်ကွာ.....မိုးဖြင့်မလင်းသေးဘူး သေအောင်တွေအော်နေတာ..."

"ဟဲ့...ငကျန့်....ဘယ်ကမိုးမလင်းရမှာလဲ.....နင့်အလုံးပေါ် အုပ်ထားတာကြီးလဲ ဖယ်ကြည့်အုံး....နေဖြင့်ဖင်ထိုးနေပြီ....သေမနေနဲ့ထတော့....."

ရှောင်ကျန့်တစ်ယောက် မျက်လုံးပေါ်အုပ်ထားတဲ့ ညအိပ်မျက်လုံးအုပ်တာကြီးဖယ်လိုက်တော့ **အမလေး**လောကတစ်ခွင် ဗြဲ​ြဗဲ​စင်အောင် အရောင်တေလက်နေတယ်ဆိုတာ...မျက်စိတွေတောင် ကျိန်းတယ်.....

အာ့ထက် ဒီနာရီကြီးက ငါ့နားဘယ်လိုလုပ်ရောက်နေတာလဲ...ဒါကြီးက ငါ့အခန်းထဲမှာပဲ ထားထားတာကို...ဧကန်န....

မျောက်မ...ဒင်းအစောနိုးတယ်ဆိုပြီး သက်သက်ကို ယုတ်မာတာ....သောက်ကျင့်က ကောင်းကိုမကောင်းဘူး....

အဲတာကြောင့်ပေါ့ ဒင်းကိုမနေစေချင်တာ...ဟိုတယ်မှာ အခန်းငှားပေးမယ်ဆိုတာကို မနေရဲဘူး ဘာဘူးနဲ့ ဟိုက သူ့ဘာလုပ်မှာ ကြနေတာပဲ...လုပ်ချင်းလုပ် သူကစလုပ်မှာ....

ဟိုတယ်မှာကျ မနေရဲဘူးတဲ့.....ကိုယ်နေတဲ့ ယောကျာ်းလေးအဆောင်ကျတော့ တအားတေ နေရဲသတဲ့.....

လုပ်သေးတယ်.."ဟိုမှာကျတစ်ယောက်ထဲဆိုတော့ မနေရဲဘူးလေဟယ်...ငါကမိန်းမသားလေးဟာကို...."တဲ့.....

အာ့ဆို ငါတို့ယောကျာ်းလေးအဆောင်ကျတော့ရောလို့မေးတော့..."အော်
အာ့မှာက ငါ့မောင်လေး ငါအားကိုးလို့ရတဲ့နင်ရှိနေတာပဲဟာကို ကြောက်စရာလားလို့...."

You're my destinyUnde poveștirile trăiesc. Descoperă acum