Part 37

286 21 1
                                    

Unicode

"အားးးး!!....ရပ်ပေးကြပါအုံး....အားးးးး!!...."

အသားကုန်အသံကုန်ဟစ်လို့ အာကွဲမတတ်အော်နေရခြင်းအကြောင်းကတော့ ရိုလာကိုစတာ စီးနေရခြင်းကြောင့်ပင်......

ထိုထဲတွင်အဓိကအသံပါဝါကောင်းကောင်းနဲ့ အစွမ်းပြနေသူကတော့ ဝမ်ရိပေါ်နဲ့ကျန်းချန်ပဲဖြစ်သည်။

ကျန်းချန်တစ်ယောက်စာမေးပွဲနီးလာတော့ စာတွေလုပ်ရတာနဲ့တင် လူတွေလည်းပင်ပန်းလွန်းလို့ဆိုပြီး စိတ်အပန်းပြေအောင်သူငယ်ချင်းလေးတွေနဲ့ အပြင်လျှောက်လည်ဖို့ ဆုံးဖြတ်မိလိုက်တာက...အခုတော့ မှားမှန်းသိချေပြီ။

ကျန်းချန်က စိတ်အပန်းပြေအောင်၊စိတ်ဖိစီးမှုလေးလျော့အောင်လို့ အလည်အပတ်ကလေးသွားချင်တာ၊ ဝမ်ရိပေါ်ကကျ သူ့အသည်းလေးနဲ့ နှစ်ယောက်ထဲရှိဖို့ ဂွင်ပဲဆိုတဲ့အကြံကြီးနဲ့ ကျန်းချန်အတွေးကို အားရပါးရထောက်ခံခဲ့ရှာတာ....အခုတော့ သူသည်လည်း နည်းနည်းတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ပေ။

"အားးးး....."

ဝမ်ရိပေါ်နဲ့ကျန်းချန်က အသံပါဝါတွေအသားကုန်ပြနေသလောက် ရှောင်ကျန့်နဲ့ယွီပင်းကတော့ အပျော်ကြီးပျော်လို့နေသည်......

သို့ပေမယ့်လည်း နှစ်ယောက်တစ်တွဲစီစီးတာဖြစ်တာကြောင့် ရှောင်ကျန့်ဘေးက သူ့ချစ်ရသူကြီးဝမ်ရိပေါ်ရဲ့ ပရော်ဖက်ရှင်နယ်ကျလွန်းတဲ့ အသံစကေးတွေရယ်၊ ယွီပင်းဘေးက ကျန်းချန်က ရိပေါ်ထက်ပင်ပရိုကျလွန်းတဲ့ အသံတွေနဲ့ထထအော်တာကြောင့် သူတို့မှာ အခုစီးနေတဲ့ဟာထက်ပင် ရင်တလှပ်လှပ်ဖြစ်ရသည်။

ဘေးကချစ်ရသူကြီးရိပေါ်က တစ်ချက်တချက်ထထအော်တာကြောင့် ရှောင်ကျန့်ခမျာ ရိပေါ်ထထအော်တိုင်း သူပါလန့်လန့်သွားရသည်။ယွီပင်းဆိုလည်း ထိုအတိုင်းပင်။

ရိုလာကိုစတာလည်း စီးလို့ပြီးသွားရော ကျန်းချန်နဲ့ရိပေါ်ခမျာ မူးနောက်ကာ လည်ချောင်းများပင်နာလို့နေသည်။

ထိုစဥ် ရိပေါ်မျက်စိရှေ့ကိုရောက်လာတဲ့ အချိုရည်ဘူးလေးကြောင့် ပေးသူကိုမော့ကြည့်လိုက်တော့ ပြုံးပြနေတဲ့ရှောင်ကျန့်ကြောင့် ရိပေါ်ခမျာမူးနေတာတောင်ဆေးမလိုပဲပျောက်သွားရသည်။

You're my destinyTahanan ng mga kuwento. Tumuklas ngayon