Part 14

1.1K 72 5
                                    

Unicode

စာကြည့်တိုက်ဘက်ကိုသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ နှစ်ယောက်ကို အထူးအဆန်းလို ဝိုင်းကြည့်နေတဲ့လူတွေဆိုတာ မနည်းမနောရယ်

သူတို့ထူးဆန်းတာလည်း ထူးဆန်းသင့်တာပါပဲ၊ ဘယ်သူရှိရမှာလဲ ။ ဟိုတစ်ယောက် wang yiboပဲပေါ့

ကျွန်တော့်လက်ကြီးဆွဲပြီး အောင်နိုင်သူအပြုံးကြီးပြုံးလို့ ခြေတစ်လမ်း ကုဋေတစ်သန်းနဲ့ လျှောက်နေတဲ့သူ့ကိုမှ ထူးဆန်းတယ်လို့မထင်ရင် ဘယ်သူ့သွားထင်ရမတုန်း

တစ်လှမ်းတစ်လှမ်း လှမ်းလိုက်တဲ့ ခြေလှမ်းကြီးတွေဆိုတာရယ် ကျွန်တော်မှာမနည်းကိုအမှီလိုက်​ေနရတယ် ၊ အဲ့ခြေတစ်လှမ်းကုဋေတစ်သန်းဆိုတာ သူ့​ခြေလှမ်းကြီးတွေကို တင်စားထားတာလားမှမသိ

တော်တော်တတ်လည်းတတ်နိုင်တယ်။ခုနက ကန်တင်းမှာတုန်းကရုပ်နဲ့ဆို ကွာလိုက်တာမှ ကွာကွကွာနဲ့တောင်နေသေး

သူ့ရဲ့ပြုံးဖြီးဖြီးရုပ်ကြီးကို ကျွန်တော်စိတ်ထဲကနေ မှိုချိုးမျှစ်ချိုးပြောနေတာ သိများသွားလို့လားမသိ ၊ စာကြည့်တိုက်ရှေ့ရောက်တော့ ပြန်တည်သွားတယ်

ရုတ်တရက်ကြီးရပ်သွားပြီး ရှေ့ကစာကြည့်တိုက်ကိုကြည့်ရင်း သက်ပြင်းတွေတောင်ချနေသေး ၊ ပြီးမှ ဆက်သွားတော်မူလေရဲ့

စာကြည့်တိုက်ထဲရောက်တဲ့ထိအောင် ကျွန်တော့်လက်ကို ဆွဲထားတုန်း၊ ဆွဲထားတာကြီးကလည်း ကလေးပျောက်မှာစိုးလို့ အမေကြီးက လက်မလွှတ်ရဲဟန်အလား တင်းနေအောင် ဆုပ်ကိုင်ထားတာ

သူတွေ့တဲ့စာအုပ်က ဘယ်နားများရောက်နေလို့လဲ​ေတာ့မသိ ၊ သွားနေတာ ဟိုးးးး..စာကြည့်တိုက်ထောင့်ဖက်ထိအောင်ကို

"xiao zhan "

**ရှာတွေ့ပြီ ထင်ပါရဲ့**

"yibo တွေ့လိုက်လို့လား.."

"......"

ဘာစကားလုံးမှပြန်မဖြေပဲ တွေတွေကြီးရပ်​​ကြည့်နေတဲ့ yiboကြောင့် ဘာဆက်ပြောရမှန်းတောင်မသိ

***ငါပြောတဲ့ထဲ အမှားပါသွားလို့လားး....***

xiao zhanတစ်ယောက်စကားထဲမှာ အမှား​ပါသွားလို့လားလို့ တွေးရင်းစျာန်ဝင်နေတုန်း ရီဝေဝေအကြည့်ကြီးနဲ့ သူ့ဆီကိုတစ်လှမ်းချင်းလျှောက်လာတဲ့ yiboကြောင့် သူယောင်ရမ်းပြီး နောက်ဆုတ်မိတယ်

You're my destinyOnde histórias criam vida. Descubra agora