Part - 4

2.3K 145 2
                                    

Unicode

xiao zhan ကျောင်းဝန်းထဲရောက်မှ သက်ပြင်းချနိုင်တော့တယ်။ ဒီထဲမှာ ပြဿနာရှာရင်လည်း ကျောင်းအုပ်ကြီးနဲ့ တွေ့သွားမှာပေါ့..ဟင်း...ဟင်း..

"ဟေ့ကောင်...ဘာတွေတွေးပြီး ပြုံးနေတာလဲ..."

"ဘာမှမဟုတ်ပါဘူးကွာ...ဒီအတိုင်းပါပဲ..တော်သေးတယ် ဟိုတစ်ယောက်နောက်ကလိုက်မလာလို့.."

"အော်..မင်းကလည်း..အဲ့လောက်ထိနောက်ကလိုက်လာနေရအောင် မင်းကသူ့ရည်းစားမို့လို့လား.."

"ဖီးဖတ်..လွဲပါစေဖယ်ပါစေ.. ကျန်းချန်မင်းနော် ပြောလိုက်ရင် အနှောင့်အသွားကိုမလွတ်ဘူး..ငါကဒီအတိုင်းပဲပြောလိုက်တာကို.."

ကျန်းချန်ပြောတဲ့ "သူရည်းစား" ဆိုတဲ့ အသံကြားတုန်းက xiao zhan ကြက်သီးတွေတောင် ထမိတယ်

ဟို..ဇာတ်ကားထဲမှာဆို ဘေးလူကအဲ့လိုလေးပြောမိရင် မင်းသားရော ၊မင်းသမီးရော တိုက်ဆိုင်မှုအချစ်လေးဘာလေးနဲ့..ရင်တွေဘာတွေလည်း ခုန်သွားသေးတယ်ပေါ့ဗျာ

ကျွန်တော်ကတော့မခုန်နိုင်၊ ဒါကြီးသာ ရည်းစားတော်ထားရင် သူကိုစိတ်မကြည်အောင်လုပ်လို့ ထလုပ်ရင် ဘယ့်နဲ့လုပ်မလဲ၊ စိတ်တိုလို့ထမလုပ်ရင်တောင် သူ့အကြည့်တစ်ချက်နဲ့တင် ဆယ်ခါပြန်သေနေလောက်ပြီ...ဒီတော့...တော်ပါ...တော်ပါ

xiao zhan အတွေးနဲ့တောင် နေလို့မကောင်းချင်တော့ မေမေရေ သားဖ​ျားပြီထင်တယ်...

"xiao zhan ....ငါမင်းကိုမေးမလို့"

"မေးလေ..ယွီပင်း"

"ဟိုလေ...ဟို...ဟာ..ထားပါတော့ကွာ..ဘာမှမဟုတ်တော့ဘူး.."

"အဲ့တာမ​ျား...အစတည်းက ပြောမနေနဲ့ပေါ့"

"လာပါ...သွားရအောင်...အတန်းနောက်ကျနေအုံးမယ်..xiao zhan မင်းကအတန်းခေါင်းဆောင်နော်..သိပ်မပြောချင်ဘူး..ဟင်း..ဟင်း.."

"ကျန်းချန် မင်းဒီနေ့မှ တအားကိုစည်းကမ်းတွေရှိနေတာ၊ မင်းပဲ အတန်းခေါင်းဆောင်လုပ်လိုက်ပါလား..ငါမလုပ်ချင်လို့"

"အေး...ငါသာလုပ်ရင် မင်းအခုလိုပုံမျိုးနဲ့ကတော့ တစ်ချိန်လုံးအခန်းပြင်မှာမတ်တပ်ရပ်နေရမှာ မြင်ယောင်သေးတယ်..."

You're my destinyWhere stories live. Discover now