Part 7

1.7K 107 0
                                    

yibo....ဖြစ်ပျက်သွားတဲ့ xiao zhanရဲ့ မျက်နှာပုံစံလေးကို ကြည့်ပြီး ရင်ထဲ အသဲတယားယား ၊ တကယ်ပါပဲ တတ်လည်းတတ်နိုင်လွန်းတယ်

  သူဒီအဆောင်ကို တမင်သက်သက်ပြောင်းလာတာက xiao zhanကို အံ့သြအောင် လုပ်မလို့ပါ

အခုတော့ သူထင်ထားတာထက်တောင် အံသြပုံပေါ်နေတဲ့ xiao zhan ကြောင့် သူ့မှာဘာပြောရမှန်းတောင်မသိ

အခုလည်း သူဒီအဆောင်မှာနေတယ်ပဲ ပြောရသေးတာတောင် ဖြစ်ပျက်နေတဲ့ xiao zhan ၊ သူ့အခန်းကသာ သူနဲ့ မျက်နှာချင်းဆိုင်မှန်းသာ သိသွားရင် ပိုတောင်အူယားစရာကောင်းတဲ့ ရုပ်လေးထွက်လာမှာအမှန်

ကို yiboမှာတော့ အတွေးနဲ့တင် အူတွေမြူးနေတာ..အပြင်ဘက်ကတော့ ရေခဲရုပ်

ဒါပဲလေ yibo ဆိုတာ ၊ ခံစားချက်တွေ အပြင်ကို အဲ့လောက်ထုတ်မပြတတ်၊ ရင်ထဲပဲသိမ်းထားတာ....ဟဲ..ဟဲ..အပြင်ကရေခဲရုပ်ခံနေလို့

သူသတိမထားလို့ပါ...သူ xiao zhan ​ေရှ့ရောက်ရင်ဇမ်းခတ်နေတာကိုတော့ သူ့ကိုယ်သူမသိပေ...တခါတလေ ရေခဲရုပ်တောင်ပျောက်ချင်ချင်

yibo ဘာမှမတွေးနေတော့ပဲ

"xiao zhan လာလေ ၊ ငါ့အခန်းလိုက်ပြမယ်..."

yibo...ပြောပြီးရှေ့ကသွားတော့ နောက်က​ေနအင်တင်တင်နဲ့ လိုက်လာတဲ့ ယုန်ပေါက် ၊ သူ့အခန်းကိုသာသိရင် ထပ်ပြီးဖြစ်ပျက်သွားမယ့်ရုပ်လေးကို မြင်ယောင်သေးတယ်

သူတကယ်အူယားနေပါပြီ...သူ့နောက်ကယုန်ပေါက်လေးက ပါးစပ်ကပွစိပွစိနဲ့ တလမ်းလုံးမနားတမ်းပြောနေသလို မျက်လုံးကလည်း ကစားနေသေးတယ်

သူသိတာပေါ့....xiao zhan ဂနာမငြိမ်ဘူးဆိုတာ ၊ စိတ်တော်တော်လှုပ်ရှားနေတယ်နဲ့တူတယ်

အမှန်တကယ်တော့ xiao zhanဆုတွေတောင်းနေတာပါ

သူ့ကို yiboက သူ့အခန်းလိုက်ပြမယ်ပြောတော့ တအင်းအင်းနဲ့သာ ခေါင်းညိတ်ပြီး လိုက်လာရပေမယ့် စိတ်ထဲမှာတော့ သိပ်မကြည်

**သူငါ့အခန်းနဲ့ မျက်နှာချင်းဆိုင်ကအခန်းမဟုတ်ပါစေနဲ့ **

xiao zhan...သူအဆောင်ထဲဝင်ပါပြီဆိုကတည်းကဒီတစ်ခုပဲ ဆုတောင်းလာတာ ၊ တခြားဘာဆုမှ မတောင်းမိ

You're my destinyWhere stories live. Discover now