Unicode
"ရိပေါ်...ငါသွားတော့မယ်နော်...ဟိုရောက်ရင်ဖုန်းဆက်လိုက်မယ်...."
"အင်း...ဂရုစိုက်...ညတိုင်းဖုန်းခေါ်မယ်နော်...."
"အင်းအင်းးး...."
"ဟေ့ရောင်တွေ ငါသွားပြီ...."
"တော်သေးတာပေါ့ နှုတ်ဆက်ဖို့သတိရသေးလို့...."
"စိတ်မဆိုးပါနဲ့ကွာ....ဟဲဟဲ....သွားပြီ!!...."
လက်ပြနှုတ်ဆက်ရင်း ကားပေါ်တက်သွားသည့်ရှောင်ကျန့်ကို ကျန်းချန်တို့လက်ပြနှုတ်ပြနေစဥ်မှာပဲ ကားလေးဟာ စတင်ထွက်ခွာသွားတော့သည်။
"အင်းးး ကျန်းချန် ငါတို့လည်း နေ့လည်ဆိုပြန်ရတော့မယ်နော့....ရိပေါ်...မင်းတကယ်ပဲမပြန်ဖူးလား...."
"ပြန်မှာလေ...."
"ဘာ!!..."
"မင်းပြောတော့မပြန်ဘူးဆို!!!"
"အင်းလေ.... ငါလည်း အိမ်ကိုမပြန်ပါဘူး...."
"အာ့ဆိုဘာလို့ပြန်မယ်ပြောနေသေးလဲ....ဘာလဲ တစ်နေရာရာသွားမလို့လား...."
"ငါ့အိမ်ငါပြန်မှာ...."
စိတ်လှုပ်ရှားစွာနဲ့ ရိပေါ်ကိုအဖြေကိုစောင့်နေကြတဲ့ ကျန်းချန်နဲ့ယွီပင်းက ရိပေါ်ဒီလိုကြီးပြန်ဖြေမယ်လို့ မထင်ခဲ့ရိုးအမှန်ပါ။
"ပြီးတော့ ခဏနေထွက်မယ့်ကားက ငါလိုက်ရမယ့်ဟာ...."
"ရိပေါ်! လာနောက်နေတာလား...."
ရုပ်တည်ကြီးနဲ့ခေါင်းရမ်းပြနေတာကြောင့် နောက်နေတာမဟုတ်တာတော့သေချာသည်။
"ခဏနေကားထွက်မှာဆို မင်းအထုတ်တွေကကော ဘယ်မှာလဲ...."
"ဟိုမှာလေ...."
ရိပေါ်ထိုးပြတဲ့ကြည့်လိုက်တော့ တကယ်ကိုခရီးဆောင်အိတ်တစ်လုံးတွေ့လိုက်ရသည်....
***WTF! သူဘယ်တုန်းက ယူလာတာတုန်း!!...***
"ရိပေါ် မင်းဘယ်တုန်းကယူလာတာတုန်း...ခုနက အလာတုန်းကလည်း မင်းဘာမှမသယ်လာဘူးနော်..."
"Taxiကြိုခေါ်ပြီး ပို့ခိုင်းထားတာ...ပြီးတော့ စောင့်ခိုင်းထားလိုက်တယ်...အဲ့လူခုနလေးကမှပြန်သွားတာ...."
YOU ARE READING
You're my destiny
Romance** အူတူတူပုံလေးနဲ့ အိမ်ပြေးလေး xiao zhanကို Yibo ချစ်မိသွားရာမှ yibo အတွက် မမြင်ရတဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မလဲ ** **အူတူတူလေး xiao zhanကရော သူ့အပေါ်မှာ ခံစားချက်ရှိနေမှာလား ပြီးတော့ yibo ကိုရောချစ်မိသွားမှာလား**