Part 15

1K 70 1
                                    

Unicode

"xiao zhan!!......"

"xiao zhan... ငါခေါ်နေတာကြားလား...."

ဘာမှပြန်မ​ဖြေပဲ ငိုင်ငိုင်ကြီးထိုင်​ေနတဲ့ xiao zhan ကြောင့် ကျွန်တော့မှာ ပိုတောင်စိတ်ပူရတယ်

***သူဘာဖြစ်လာတာလဲ***

"xiao zhan!!!..."

"ဟေ့ကောင်... ဘာဖြစ်လာတာလဲလို့....."

"......."

"ဟေ့ကောင်!!..."

***ဟာ.....ဒီကောင်တော့....ပြန်လည်းမဖြေဘူး...***

"xiao zhan.."

မနေနိုင်တဲ့အဆုံး ယွီပင်းပါ ခေါ်ယူရသည်အထိ

"ကျန်းချန်..."

ဟော..အခုမှပဲ လူကိုစကားပြန်ပြောတော့တယ်.....ဘာဖြစ်လာတယ်လဲမပြောဘူး....ငူငိုင်ငိုင်ကြီးနဲ့ လုပ်လိုက်ရင် လူကိုတရားစိတ်ပူအောင်လုပ်တဲ့ကောင်

ကျန်းချန်တစ်ယောက် ပိုးစိုးပက်စက်ဆက်တွေးချင်ပေမယ့်လည်း ဟိုကစကားပြန်ပြောနေပြီဆိုတော့ ဆက်နားထောင်ကြည့်ရမယ်

"ပြော xiao zhan၊ ဘာဖြစ်လာတာလဲ..."

"ငါ...ငါ....."

"ဆက်ပြောလေ xiaozhan... ဆက်ပြော..."

"ငါ....ငါ..."

"အလုပ်မှာ ပြဿနာဖြစ်ခဲ့လို့လား..."

"........"

***အာ...သူတို့ကိုဘယ်လိုပြောလိုက်ရပါ့၊ ဘယ်လိုပြောရမလဲ ၊ရည်းစားစကားအပြောခံရတယ်ပဲ ဒဲ့ပြောလိုက်ရမလား***

ဘယ်လိုပြောရမလဲ စဉ်းစားရင်းအတွေးလွန်နေတုန်း
"ဒေါက်......"

"အားးး....ကျန်းချန်!!..ငါ့ကိုဘာလို့...... "

ကျန်းချန်ကစိတ်မရှည်ပဲ ထခေါက်တော့ ဘေးမှာယွီပင်းက စိတ်ထိန်း.... စိတ်ထိန်းနဲ့တောင် ချော့နေသေးတယ်....ဆန်းပါ့တော်....အခေါက်ခံရတာက ကိုယ်ပါ....

"အော်မနေနဲ့.... ဒီမှာစိတ်မရှည်တော့ဘူး...."

သူကလဲ ခေါင်းခေါက်သေးတယ် ၊ သူကပဲ ပြန်တောင်ဆူနေသေး

"ပြောမယ့်ဟာမပြောပဲ စကားပုလ္လင်လာခံနေသေးတယ်....ဒီမှာစိတ်ပူလို့သေတော့မယ်.... "

You're my destinyDonde viven las historias. Descúbrelo ahora