Part 32

376 29 2
                                    

Unicode

လက်ရှိတွင်တော့

"ဘာဖြစ်လို့တုန်းဆိုတော့ ငါတို့ကိုသွားသေလိုက်တော့လို့ ပြောနေလို့ပေါ့ဟ...."

"ဟမ်...ဘာဆိုင်လို့တုန်း...."

"နလပိန်းတုန်းနဲ့....hotpotဆိုင်မှာအဖြေတောင်းတာတဲ့လေ...."

"အဲတော့....."

ကျန်းချန်တစ်ယောက်တင်းပြီလေ....

"ငါတို့နှစ်ယောက် ဒင်းတို့ကိုအမြင်ကပ်ပြီး တစ်ချိန်လုံးစောင့်ကြည့်နေတဲ့အချိန်မှာဖြစ်သွားတာလေ သူတောင်းစားရဲ့လို့..."အော်ပြောလိုက်ချင်ပေမယ့် ရှေ့တည့်တည့်က ဝမ်ရိပေါ်ကိုကြောက်ရသည်မို့ မျက်လုံးသာပြူးပြဖြဲပြလုပ်ပြရတော့သည်.....

ထိုအခါမှပဲ ယွီပင်းတစ်ယောက်သဘောပေါက်သွားဟန်ဖြင့် စပ်ဖြီးဖြီးနဲ့ ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေရဲ့....

"ကျန်းချန်....အဲ့ hot pot ဆိုင်မှာအဖြေတောင်းတာက ဘာဖြစ်လို့လဲ...."

"မဟုတ်ပါဘူး....ငါတို့လည်း အာ့မှာအတူတူရှိနေတာကို မသိလိုက်လို့လေ..."

"အော်...အဲတာလား....တကယ်တော့ မင်းတို့မသိတာလည်း မဆန်းပါဘူး၊ အဲ့တာကလည်း အမှတ်မထင်ပဲဖြစ်သွားတာ...."

"ငါတို့ကို သေချာပြောပြ...."

"ဟင်း!!.."

သက်ပြင်းရှည်ကြီးတစ်ချက်ချရင်း ရှောင်ကျန့်ရှင်းပြဖို့ အစချီလိုက်သည်...ဘေးကရိပေါ်ကတော့ သူတို့အကြောင်းပြန်ပြောပြတော့မည့်ရှောင်ကျန့်ကိုသာ ပီတိဖြစ်စွာနဲ့ ပြုံးပြုံးကြီး ကြည့်လို့နေသည်။

"တကယ်တော့ အဲဒီ​နေ့ကငါတို့ hot potစားနေတဲ့အချိန် ရိပေါ်ဆီဖုန်းဝင်လာသေးတယ်လေ...."

"အင်း ငါမှတ်မိတယ်....."

"အင်းး..ရိပေါ်က ဖုန်းပြောဖို့ အပြင်ထွက်သွားပြီး သိပ်မကြာဘူး ငါလည်း နောက်ထဲသွားသေးတယ်လေ...."

"အေး... ဒါပေမယ့် မင်းက နောက်ထဲသွား....ဟုတ်သားပဲ!!...အဲ့တုန်းက မင်းလည်း အရှေ့ကနေ ပြန်ဝင်လာတာ...."
သဘောပေါက်သွားဟန်ဖြင့် ယွီပင်းက ထအော်တော့ ကျန်းချန်က မျက်စောင်းလှမ်းထိုးသည်။ပါးစပ်ကလည်း

You're my destinyWhere stories live. Discover now