Part 27

989 55 7
                                    

Unicode

"ဇီယီ သွားတော့လေ..."

"မသွားဘူး "

"ဟာ...ကားကလာတော့မယ့်ဟာကို...."

"မသွားဘူး...."

"ဇီယီ နင်ကလေးလည်း မဟုတ်ပဲနဲ့ ဂျစ်တစ်တစ်မလုပ်စမ်းနဲ့ဟာ...."

"အာ့ဆိုလည်း ခုနက ငါ့ကိုဝယ်ကျွေးလိုက်ရင် နင်သေမှာမလို့လား....."

"နင်မစားဖူးတာလဲမှုတ်ပဲနဲ့ အဲ့လောက်ငတ်မနေနဲ့....ဟိုကျ နင့်ဘာသာနင်ပြီးသေတဲ့ထိ ဝယ်စားလို့ရတယ်...အခုသွားစရာရှိတာသွားစမ်းပါဟာ....."

မျက်နှာကြီးဆူပုတ်ပြီးမကြားချင်ယောင်ဆောင်နေကာရပ်နေတဲ့ ဇီယီကို‌ရှောင်ကျန့်ထုချင်စိတ်ပေါက်နေပြီ....ငါနော် အကြီးမလို့သာပေါ့....ဘယ့်နဲ့ အဲ့လောက်ငတ်ရလား......

အစောပိုင်းအချိန်တုန်းက ကားဂိတ်ကိုအလာ ဂိတ်ပေါက်ဝမှာရောင်းနေတဲ့ငှက်သိုက်မုန့်ကိုမြင်ပြီး ဇီယီတစ်ယောက်စားမယ်တကဲကဲနဲ့ အတင်းတေဝယ်ကျွေးခိုင်းနေတာ ကိုယ်တေက သူ့ကားနောက်ကျမှာစိုးလို့ ၊ ပြီးတော့ ဂိတ်ဝကိုလည်း ကျော်ပြီးနှင့်ပြီမလို့ ဟိုရောက်မှပဲဝယ်စားတော့လို့ ပြောတဲ့ဟာကို ခုကြည့်အုံး သေမလိုတေကိုဖြစ်နေတာ......

ပြောပြောပြန်ရင်လည်း ငါကအကြီးကိုမရိုသေဘူးဘာဘူးကလုပ်အုံးမယ် ၊ ငတ်ထားတာဆိုတာ ဒါလားငါ့အမ ၊ ငါ့တောင်သူ့လောက်မငတ်ဖူး.....

"ရှောင်ကျန့် မင်းတို့ကလည်းကွာ ကလေးတွေလည်း မှုတ်ပဲနဲ့..."

"ရှောင်ကျန့် မင်းသွားဝယ်ပေးလိုက်စမ်းပါကွာ.... ကားလည်း ထွက်မှမထွက်သေးတာ...."

"ကျန်းချန်!!!. .."

"သွားလိုက်ပါ ရှောင်ကျန့်ရာ ဂိတ်ဝနားထိပဲကို ငါလည်းလိုက်ခဲ့မယ်....လာလာလာ...."

"​အေး လိုက်သွားပေးလိုက်စမ်းပါ ယွီပင်းရာ...."

"အော်!! လာပါဆို ရှောင်ကျန့်..."

"ဟင့်..."

"အံမယ် အံမယ် ငါ့ကိုများ ဟင့် တဲ့...နင်ကြားလိုက်တယ်မလား....."

"တော်ပါတော့ အမရာ...."

*** ဂွကျချက်ကတော့ ရှောင်ကျန့်အမလို့ကိုမပြောရဘူး ၊ တကယ်ကမ်းကုန်အောင် ဂွကျတဲ့ဟာတွေ...***

You're my destinyWhere stories live. Discover now