Unicode
"xiao zhan.... "
"ပြော..."
"ငါဒီနေ့ချိန်းပွဲရှိတယ်.... မင်းလိုက်ခဲ့...."
"ဘာ!!!..."
xiao zhanရဲ့ "ဘာ" ဆိုတဲ့အသံကြီးက ကျောင်းကန်တင်းတစ်ခုလုံးတောင် ကြားရလောက်တယ်
"yibo...မင်းနော်..ငါ့ကိုအဲ့လိုကိစ္စတွေထဲဆွဲမထည့်နဲ့နော် ၊ငါမကြိုက်ဘူး.....မင်းချိန်းပွဲ...မင်းဘာသာမင်းပဲသွား.....ငါမလိုက်ဘူး....."
"xiao zhan....မင်းငါ့ကို တစ်ယောက်ထဲလွှတ်ရက်တယ်ပေါ့လေ..."
"ဟာ့....ဒီဟာက မင်းရန်ပွဲပဲလေ.....မင်းဘာသာမင်းမသွားရင်....မသွားနဲ့ပေါ့...yibo..ငါတို့က သူငယ်ချင်းတွေပေမယ့် ရန်ပွဲတွေထဲ ဝင်မပါဘူးလို့ အစကတည်းက ပြောပြီးသားနော်...."
"........"
"ငါကအဲ့လိုပြောပြန်ရင်လည်း သူငယ်ချင်းအချင်းချင်းကို မကူညီဘူးဘာဘူးက ဖြစ်အုံးမယ်.....yibo..မင်းနော်...ငါ့ကို စိတ်ညစ်အောင်လုပ်နေတာလား...."
ငိုမဲ့မဲ့လေးနဲ့ပြောလာတဲxiao zhanကြောင့် yibo..သူစတာလွန်သွားမှန်းသိလေသည်...ဟုတ်သားပဲ.. xiao zhanက သိပ်အတွေးလွန်တာ
သူကတခြားကိစ္စတွေမှာသာ အူတူတူလေးဖြစ်ချင်ဖြစ်တာပါ...သူများအတွက်ဆိုသိပ်တွေးပေးတတ်တာ...
သူပြောလို့သူများ ဒုက္ခရောက်မှာကိုလည်းမလိုလား၊ သူငယ်ချင်းတွေအတွက်ဆိုလည်း တော်တော်လေး စဉ်းစားပေးရှာတယ်....
ဒါလေးတွေက သူ xiao zhanနဲ့ သူငယ်ချင်းဖြစ်သွားပြီး နောက်ပိုင်းမှသိလာရတာလေးတွေပါ...
အဲ့လိုသိလာပြီးနောက်ပိုင်းမှာတော့ yiboတစ်ယောက် xiao zhanကို ပိုလို့တောင် အချစ်တိုးသွားပါသေးတယ်....
"အဲ...xiao zhan....မင်းကလည်းကွာ မငိုနဲ့လေ..."
"ငါ ဘယ်မှာငိုနေလို့လဲ...."
"ဟုတ်ပါပြီ....xiaozhanရယ်.... ငါကစတာပါ.....အခုချိန်းပွဲဆိုတာကလည်း ရန်ပွဲမဟုတ်ပါဘူး၊ ဆိုင်ကယ်ပြိုင်ပွဲကိုပြောတာ... ဆိုင်ကယ်စီးပြိုင်တာကိုပြောတာပါ...."
"မသာကြီး...ငါ့ကိုအစကတည်းက ဆိုင်ကယ်စီးပြိုင်တာဆိုလည်း ဆိုင်ကယ်စီးပြိုင်ပွဲလို့ ပြောပါလား....ငါကချိန်းပွဲဆိုတော့ ရန်ပွဲလို့ထင်တာပေါ့..."
YOU ARE READING
You're my destiny
Romance** အူတူတူပုံလေးနဲ့ အိမ်ပြေးလေး xiao zhanကို Yibo ချစ်မိသွားရာမှ yibo အတွက် မမြင်ရတဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မလဲ ** **အူတူတူလေး xiao zhanကရော သူ့အပေါ်မှာ ခံစားချက်ရှိနေမှာလား ပြီးတော့ yibo ကိုရောချစ်မိသွားမှာလား**