Part 36

283 24 2
                                    

Unicode

"ငါမပြန်ဘူး...."

"ရိ! ရိပေါ်..... "

"ဘာလဲ...ကို့ကိုဟိုကောင်တွေပြောသလို အိမ်ခေါ်သွားမို့လား...."

"ဘာ! သေ...သေလိုက်လေ...ခေါ်...ခေါ်ပါဘူး...."

"ဟင်း ငြင်းလိုက်တာများ ပြတ်သားလိုက်တာ.....အားနာပါးနာလေးတောင်မလုပ်ဖူး...."

"လုပ်စရာလား..... မင်းက စကားမှားတာနဲ့ အတည်ပေါက်လုပ်မယ့်ကောင်လေ....အဲတော့ ပြောရဲပါဘူး...."

"ကို့ကိုအယ့်လောက်ယုံတယ်ပေါ့....."

"ရိပေါ်....နောက်မနေနဲ့...ငါအတည်မေးနေတာကို...."

"ဘာကိုလဲ...ဟိုဟာဆိုရင် ပြောပြီးပြီလေ မပြန်ပါဘူးဆို...."

"အခုထိအဆင်မပြေသေးဘူးလား...."

အစပိုင်းကတော့ ရိပေါ်ပေါ့ပျက်ပျက်ပုံစံနဲ့ ဖြေလိုက်ပေမယ့် တကယ့်အတည်ပေါက်အလေးအနက်ထားပြီးမေးလာတဲ့ရှောင်ကျန့်ကြောင့် ရိပေါ်နည်းနည်းတော့ နေရခက်လာသည်။

ရှောင်ကျန့်က တကယ်ကြီးသူ့အတွက်စဥ်းစားပေးနေတော့ သူ့ရဲ့ပေါ့ပျက်ပျက်စကားတွေက ရှောင်ကျန့်ကိုစော်ကားနေသလိုတောင် ခံစားလိုက်မိတယ်.....

သူ့အတွက်အလေးအနက်တွေးပေးတာဟာ အိမ်မှာကျန်ခဲ့သည့်မားမားတစ်ယောက်သာရှိတယ်လို့ ထင်ထားခဲ့တာ အခုတော့ ရှောင်ကျန့်သည်လည်း ထိုနည်းတူစွာ မားမားလိုပဲ သူ့အကြောင်းအလေးနက်ထား တွေးပေးသည်တဲ့လား။

သူချစ်ခဲ့မိတဲ့ ဒီလူသားလေးက တစ်ခါတလေသူ့ကို အံံသြသွားအောင် သိပ်သိပ်လုပ်နိုင်လွန်းသည်....အခုလည်း အိမ်ပြန်မယ့်ကိစ္စကိုအလေးအနက် စိတ်ပူပေးနေသောမိမိရဲ့ ချစ်ရသူလေးကိုကြည့်ပြီး ရိပေါ် ဘယ်လို​ဖြေရမလဲတောင် မသိတော့ပါ။...

"ရိပေါ်......"

"ဟမ်...."

"မင်းကိုကြည့်ရတာ လုံးဝပြန်အဆင်မပြေသေးတဲ့ပုံပဲ...ဟင်းးး တကယ်တော့လေ ငါမေးချင်တာက သပ်သပ်ရှိတယ်..."

"ဘာလဲ...မေးကြည့်လေ...."

"ဟိုလေ အဲတာကလေ... ငါတို့ ဟော့ပေါ့စားတဲ့နေ့ကလေ... အဲ့တုန်းက မင်းဖုန်းပြောနေတဲ့နေရာကိုငါလာသေးတယ်လေ..."

You're my destinyWhere stories live. Discover now