Part 8

1.5K 94 0
                                    

Unicode

yibo... xiao zhanရဲ့ခေါက်ဆဲွဲပြုတ်လေး စားချင်လွန်းလို့ အချိန်တွေမြန်မြန်ကုန်ပါစေလို့တောင် ဆုတွေတောင်းမိတယ်

သူဒီကိုပြောင်းလာတာက သိပ်ကိုမှန်နေတာပဲ..အိုး..ကုန်ကုန်ပြောရ...အမှန်တကာ့အမှန်ဆုံးပါပဲ

သူ့ယုန်ပေါက်လေးရဲ့မျက်နှာလေးကိုလည်း   နေ့တိုင်းတွေ့ရမယ် ၊ အနားမှာလည်းအမြဲမြင်တွေ့နေရမယ် ၊ ကျောင်းဆင်းလည်းအတူတူ... ကျောင်းသွားလည်းအတူတူ....

***Oh My God*** ရည်းစားပုံစံလေးနဲ့တောင် တူသွားသယောင်ယောင်

စပ်ဖြီးဖြီးနဲ့ ပြုံးပျော်နေတဲ့ yiboရဲ့ မျက်နှာကတော့ xiao zhan တို့နဲ့ စကားပြောပြီးအခန်းထဲဝင်လာကတည်းက အခုချိန်ထိကိုအရှိန်မပြေသေးတာ....

အဲ့ရုပ်ကို xiao zhanတို့ ကျန်းချန်တို့ကို မြင်စေချင်ပါဘိ...အဲ့တာ ရေခဲတုံးကြီး wang yiboရဲ့ စပ်ဖြီးဖြီးရုပ်ကြီးဆိုပြီး

  yibo ရေမိုးချိုး အဝတ်အစားလဲပြီး xiao zhan လာမယ့်အချိန်ကိုစောင့်နေလိုက်တယ်

yibo သူ့ရဲ့ ရင်ဘက်ကြီးနဲ့ခံစားပြီး xiao zhan အကြောင်းလေးတွေးရင်း ရင်တွေခုန်ပီတိတွေဝေဖြာနေတုန်း ကြားလိုက်ရတဲ့ တံခါးခေါက်သံ

** xiao zhan ရောက်လာပြီလားမသိဘူး ...**

yiboတို့များ ခလုတ်တိုက်လဲမတတ် အပြေးအလွှားကို တံခါးသွားဖွင့်တော့တယ်

***အိုး..အို..အိုးး.. လာပြီ..လာပြီ..ကိုယ်လာပြီ..***

yibo..xiao zhan ဘယ်လိုပုံလေးနဲ့ လာမလဲလို့တွေးပြီး...ရင်ခုန်မှုပေါင်းများစွာနဲ့ တံခါးလေးဆွဲဖွင့်လိုက်တော့

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့သူကြောင့် သူပျော်သမျှဝမ်းသာလုံးဆို့နေတာကြီးတွေ ပလုံ..ဂလွမ်..ဆိုပြီးအောက်ကို အတုံးလိုက်အတစ်လိုက်ကို ပြုတ်ကျသွားပါတော့တယ်

yibo မြင်မြင်ချင်းဒီလိုဖြစ်သွားရတဲ့ အဓိကတရားခံကတော့ တခြားသူမဟုတ် ကျန်းချန်ကြီးပါလေ

သူ့နောက်မှာလည်း ယွီပင်းက မျက်လုံးပြူးလေးနဲ့ ကြည့်နေလေရဲ့...တကယ်ပါပဲ ဒီကောင်တွေကတော့

You're my destinyWhere stories live. Discover now