အပိုင်း-၁၈ (Unicode)

295 24 0
                                    

အာရုံတတ်မနက်ခင်းအချိန်အခါကိုရောက်လာသည့်တိုင်အောင် အခုထက်ထိအိပ်မပျော်ခဲ့သော သူတစ်ယောက်ရှိခဲ့သည်။

"ဘာလို့ မနက်၆နာရီပဲရှိသေးတာလဲ!!! အချိန်တွေရယ်မြန်မြန်ကုန်ပါတော့"

တစ်ယောက်တည်းငြီးတွားရင်း အိပ်ယာပေါ်မှာ တွန့်လိမ်ကောက်ကွေးနေနေမိသည်။ အလုပ်ကိစ္စ​နဲ့ ဦးသန့်ကလည်းခရီးသွားနေတာကြောင့် တစ်အိမ်လုံးမှာ သူတစ်ယောက်တည်းကျန်နေခဲ့ရသည်။ဦးသန့်က မနေ့ကနေ့လည်ကတည်းက ခရီးထွက်သွားတာကြောင့် သူဦးသန့်ရဲ့မျက်နှာကိုမမြင်ရတာ ၁၉နာရီတိတိကြာနေပြီဖြစ်သည်။

အရင်ကဆိုမိုးလင်းတိုင်း ဦးသန့်ရဲ့မျက်နှာလေးကို မြင်လိုက်ရတာနဲ့ သူရဲ့တစ်နေတာအတွကိ အားအင်တွေပြည့်ဝလာခဲ့သည်။အခုတော့ တစ်ယောက်တည်းအထီးကျန်စွာနဲ့အဖော်မဲ့နေရပြီ။

ညကတစ်ညလုံး အတွေးပေါင်းစုံလျှောက်တွေးနေတာကြောင့် ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။အခုမနက်ကြ လူကလုံးဝ နုံးချိကာ လမ်းလျှောက်ဖို့တောင် အားယူနေရသည်။နှလုံးအားနည်းတဲ့ ရောဂါအခံလည်းရှိတာကြောင့် သူ့အနေနဲ့ အိပ်ရေးဝဝအိပ်ဖို့ကို သက်တန့်ကမှာထားပေမဲ့လည်း ညကတော့ လုံးဝအိပ်မပျော်ခဲ့ပါ။

"မနက်ခင်းတော့ ဆိုင်ကိုသွားရမယ်"

ကိုယ့်ကိုကိုယ်အားတင်းကာ စားသောက်ဆိုင်ကိုသွားဖို့အတွက် ပြင်ဆင်ရတော့သည်။မနက်ပိုင်းခဏ ဆိုင်ကိုသွားစစ်ဆေးပြီးတာနဲ့ နေ့လည်ပိုင်းကြဆေးသောက်ပြီးအိပ်ဖြစ်အောင်အိပ်ရမည်။

ဦးသန့်သာရှိရင်တော့ ကိုယ့်ကိုကိုယ် ဂရုမစိုက်လို့ဆိုပြီး ဆူနေမှာကို သူမြင်ယောင်မိသွားသည်။ဦးသန့်သာရှိလို့ကတော့

"အိပ်ရေးဝအောင် အိပ်ပါလို့ ကိုယ်ပြောတယ်မလား!! "

ဦးသန့်ရဲ့လေယူလေသိမ်းအတိုင်း အသံတုလုပ်ကာ ဟန်နဲ့ပန်နဲ့ ပြောပြီးမှ သူအားပါးတရ ရယ်မိသည်။

တွေ့လား!! ဦးသန့် ကျွန်တော်က စိတ်ညစ်နေရင်တောင် ခင်ဗျားအကြောင်းတွေးလိုက်တာနဲ့ ချက်ချင်းပြုံးပျော်သွားတာကိုလေ...

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now