အပိုင်း-၁၅ (Unicode)

311 23 0
                                    

"ငါစုံစမ်းထားတဲ့ကိစ္စ အကြောင်းသိရပြီလား"

ဆိုဖာပေါ်မှာခြေချိတ်ထိုင်ပြီး ဆေးလိပ်ဖွာနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စကားသံဟာ ပြတ်သားစွာနဲ့ပေါ်ထွက်လာခဲ့သည်။

"ဟုတ်ကဲ့ သူဌေးကတော် စုံစမ်းထားပြီးပါပြီ ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လို့ရပ်သွားတာလဲ ဆက်ပြောလေ!!!"

ခေါင်းငိုက်စိုက်သွားတဲ့လူကိုကြည့်ပြီး ဒေါ်မာနွယ် အော်ဟစ်လိုက်မိသည်။ဒါပေမဲ့ရဲ့နောက်ဆက်တွဲမှာ မတိကျ မသေချာတဲ့ စကားလုံးတွေ ကပ်ပါလာတော့မယ်ဆိုတာကို သူကောင်းကောင်းကြီး ခံစားမိနေသည်။

"နာမည်ကလွဲပြီး သူ့နောက်ကြောင်း Dataတွေအကုန်လုံးက privateဖြစ်နေပါတယ်"

"ဘာ!!! အဲ့လောက်တောင် နင်တို့အသုံးမကျဘူးလား ဒီလောက်လေးစုံစမ်းခိုင်းတာကိုလေ!!!'

အော်ဟစ်သံနဲ့အတူ သူမရဲ့ဘေးက ဖန်ခွက်နဲ့ ထိုအရှေ့ကလူကို ကောက်ပေါက်လိုက်မိသည်။မျက်နှာမှာအပြုံးတွေ ဖန်ဆင်းထားပေမဲ့လည်း သူမရဲ့အတွင်းစိတ်သည် စိတ်မြန်လက်မြန်နဲ့ သိပ်တုန်လှုပ်စရာကောင်းလှသည်။

"ကျွန်တော်တို့ ရသမျှနည်းအကုန်လုံးနဲ့ စုံစမ်းပြီးပါပြီ ဒါပေမဲ့ နာမည်ကလွဲပြီး တစ်ခြားဘာမှမသိရပါဘူး"

"အဟက်!!! စစ်မင်းထက်ဆိုတဲ့ ကောင်လေးက တကယ်ပဲ အဖိုးတန်တယ်ထင်တယ် အဲ့ကောင်လေးနောက်ကထပ်ကြပ်မကွာ အမြဲလိုက်နေပါ!!"

"ဟုတ်ကဲ့ သူဌေးကတော်"

"မင်းသန့် !! မင်းသန့်!!! နင့်ကိုနင်တော်တော်လေးကို ပိုင်လှချည်ထင်နေတယ်ပေါ့ မာယာနွယ်ဆိုတဲ့ ငါက တစ်ခုမရရင် နောက်တစ်ခုထပ်သုံးမယ်ဆိုတာကို နင်အမြဲသတိရနေစမ်းပါ"

သောက်ပြီးသား ဆေးလိပ်တိုလေးကို ဖိနပ်နဲ့နင်းခြေပြီး ဒေါ်မာယာနွယ်ကြုံးဝါးနေခဲ့သည်။

ဘယ်သူနဲ့မှ ရောရောနှောနှော မနေတတ်တဲ့သူက စစ်မင်းထက်ဆိုတဲ့ ကောင်လေးကို private chefအဖြစ်ငှားတဲ့အပြင် တစ်အိမ်တည်းမှာတောင် တူတူနေလိုက်သေးတယ်တဲ့!!! မင်းသန့်ကျော်ဇင်လိုလူက ဘယ်သူ့ကိုမှအယုံကြည်မရှိပေမဲ့ ဒီကောင်လေးအပေါ်မှာ ယုံကြည်မှုတွေထားနေတဲ့အတွက်ကြောင့် ကောင်လေးရဲ့ နောက်ကြောင်းကို သူစုံစမ်းခိုင်းပေမဲ့လည်း မင်းသန့်ကျော်ဇင်က တစ်ကွက်ကြိုမြင်ပြီး အကုန်လုံးကိုလျှိဝှက်ထားခဲ့သည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now