အပိုင်း-၂၂ (Unicode)

410 24 0
                                    

"အဲ့လောက်ကြီးမခြိမ်းခြောက်ပါနဲ့လားကွာ မင်းကရော ကိုယ်မရှိပဲနေနိုင်လို့လား!! "

ဆေးအရှိန်ကြောင့် မျက်စိမဖွင့်နိုင်သေးပေမဲ့လည်း ကြယ်လေးရဲ့ ထွက်သွားမယ်ဆိုတဲ့စကားကြောင့် မင်းသန့် အားယူကာနိုးထလာရသည်။

"ဟမ်!! သတိရလာပြီလား ဦးသန့်!! ဦးသန့်ရာ.."

သံရှည်နှောပြီးပြောနေတဲ့ ကြယ်လေးရဲ့စိုးရိမ်ပူပန်နေတဲ့အသံသည် သူ့အတွက်အားအင်တွေတိုးလာသလိုခံစားလိုက်ရသည်။

"အင်း!!စိုးရိမ်လွန်ပြီး ငိုယိုနေမယ့်ကောင်လေးတစ်ယောက်ကြောင့် အားတင်းပြီး ထလာရတာလေကွာ"

"ခင်ဗျားကြီးက တကယ်အကျင့်မကောင်းဘူးပဲ"

"ဆရာ နေရတာ အဆင်ပြေရဲ့လား ကျွန်တော် ဆရာဝန်သွားခေါ်လိုက်မယ်လေ"

အခန်းထောင့်နားမှာ ကပ်နေတဲ့စွမ်းဆာင်သည် သူနိုးလာတာကို အခုမှသိသွားတာနဲ့ ပျာယာခတ်ပြီး ဆရာဝန်ခေါ်မယ်ချည်းပဲ တကဲကဲလုပ်နေတော့သည်။

"ရတယ် စွမ်းဆောင် ကိုယ်အဆင်ပြေပါတယ်"

"ခင်ဗျားကို ကျွန်တော်တကယ်စိတ်ဆိုးတယ်"

"ဘာဖြစ်လို့လဲကွာ ကိုယ်တကယ်တောင်းပန်ပါတယ်"

လှဲနေရာကနေ ထထိုင်မယ်လုပ်နေတဲ့ ဦးသန့်ကြောင့် စစ်မင်းထက် စိတ်ဆိုးနေပေမဲ့လည်း ထိုင်ရတာ သက်သောင့်သက်ရှိစေဖို့ ကုတင်ကိုမှီကာထိုင်ခိုင်းလိုက်သည်။

"အကိုလေးက စိတ်ဆိုးလို့ပဲနော် စိတ်သာမဆိုးရင်တော့ အဟဲ!! "

"အစ်ကိုစွမ်းဆောင်!! "

ပြောင်ချော်ချော်လုပ်နေတဲ့ စွမ်းဆောင်ကို ပြန်အော်တဲ့ကြယ်လေးကြောင့် မင်းသန့်ကျော်ဇင်တောင် မနေနိုင်တဲ့အဆုံးရယ်မိသွားတော့သည်။

"ခင်ဗျားကရော ဘာရယ်တာလဲ!! စိတ်ကသိပ်ကြည်နေတာ မဟုတ်ဘူးနော်"

ဟော~~သူ့ဘက်ပါလှည့်ပြီး ရန်ရှာနေပြန်ပြီ။

"မဟုတ်ပါဘူးကွာ~ကိုယ်ကသဘောကျလို့ ဒီအတိုင်းရယ်လိုက်တာပါကွာ..ပြီးတော့ ကိုစစ်တို့နဲ့အတူတူရှိရင် ​ပျော်တယ်လို့ ခံစားရတယ်လေ"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now