အပိုင်း-၁၃ (Unicode)

303 27 1
                                    

"ဒီတစ်ခေါက်မြေယာလေလံဆွဲတဲ့ပွဲမှာ အနိုင်ရသူကတော့ ကိုမြတ်ခပဲ ဖြစ်ပါတယ်ခင်ဗျာ"

အစီစဥ်တင်ဆက်သူရဲ့ စကားအဆုံးမှာ မင်းသန့်ကျော်ဇင် အတွေးများပြီး ခေါင်းပူသွားရသည်။သူဒီလောက်ထိ ကြိုးစားထားရဲ့သားနဲ့ ဘာလို့ မြတ်ခဆီကိုပဲ ရောက်သွားခဲ့ရတာလဲ!!ပြီးတော့ ဒီပွဲမှာ သူရှုံးသွားတဲ့အတွက် မြတ်ခပြောထားတဲ့ကတိအတိုင်း သူလုပ်ပေးရတော့မည်။

"စိတ်မညစ်ပါနဲ့ ဆရာ ဘယ်သူပဲနိုင်နိုင် ကျွန်တော့်တို့အတွက်အကျိုးးရှိတဲ့ ကိစ္စပါပဲ"

"အင်း!! ကိုယ်သိပါတယ်"

"မင်းသန့်!!! ကတိစကားအတိုင်းပဲနော်"

သူတို့ကိုပြုံးပြီး နှုတ်ဆက်လာတဲ့ မြတ်ခကို အထိုက်သင့်ပြုံးရုံပြုံးပြလိုက်သည်။

"မနက်ဖြန်ကြ အိမ်မှာတွေ့မယ် သွားကြစို့ စွမ်းဆောင်"

"ဟုတ်ကဲ့ ဆရာ"

မင်းသန့်ကျော်ဇင်သည် စကားကိုလိုရင်းတိုရှင်းသာပြောရင်း လှည့်ထွက်သွားခဲ့သည်။

"စွမ်း!! အခုကိစ္စအတွက် ကိုယ့်ကိုစိတ်ဆိုးနေတာလား"

လက်ကိုလှမ်းဆွဲလိုက်တာကြောင့် မြတ်ခရဲ့လက်ကို စွမ်းဆောင် တွန်းဖယ်လိုက်မိသည်။

"အပြုအမှုတွေကို ဆင်ခြင်ပေးပါ ဒုမန်နေဂျင်း ပြီးတော့ အခုကိစ္စအတွက် ကျွန်တော့်မှာစိတ်ဆိုးပိုင်ခွင့်မှမရှိတာ ခွင့်ပြုပါဦး"

လှည့်ထွက်သွားတဲ့ စွမ်းဆောင်ရဲ့ နောက်ကျောကိုကြည့်ပြီး မြတ်ခ သက်ပြင်းချမိသည်။မြေယာကိစ္စက သူ့အတွက်အရေးကြီးတဲ့ကိစ္စတစ်ခုကြောင့်သာ သူအနိုင်ယူခဲ့ခြင်းဖြစ်သည်။

"မြေယာကိစ္စက ဘယ်လိုဖြစ်သွားတာလဲဆိုတာ ကိုယ့်ကိုရှင်းပြပါဦး စွမ်းဆောင်"

"မြေယာရှင်ဖြစ်တဲ့ သွန်းနေပိုင်ဆိုတဲ့ တစ်ယောက်က မြတ်ခနဲ့ အမေရိကမှာကတည်းကခင်တဲ့ သူငယ်ချင်းတစ်ယောက်လို့သိရပါတယ် အဲ့တစ်ယောက်နဲ့ကျွန်တော်စကားပြောကြည့်တော့ မြေယာကို မြတ်ခတစ်ယောက်ကိုပဲ ရောင်းမယ်လို့ ပြောလာပါတယ်ဆရာ အဲ့တာကြောင့်!!"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now