အပိုင်း-၂ (Unicode)

755 36 0
                                    

စက်တင်ဘာလ၏နေ့အစသည် ထင်ထားတာထက်ပင် ပို၍ဆူညံ့ပွက်လောရိုက်နေတော့သည်။

"စစ်မင်းထက်!!! ရန်ဖြစ်တာဒီလမှာတင်ဘယ်နှစ်ခါရှိနေပြီလဲ"

ဒေါသတကြီးနဲ့အော်ဟစ်နေတဲ့အဖေဖြစ်သူကို စစ်မင်းထက် ဘာမှမပြောပဲငြိမ်နေလိုက်သည်

"မေးတာကိုမဖြေပဲ ဘာလို့မင်းပါးစပ်ပေါက်ကြီးက ပိတ်ထားရတာတုန်း!! ငါဒေါသတွေထွက်လာပြီနော်"

မဖြစ်ချေတော့ ပါးပါးကြီး ရွှေစိတ်တော်ညှိုးနွမ်းသွားရင်ဒီထက် ဆူခံရကိန်းကိုမြင်ယောင်နေတာမို့ ပြောဖို့အတွက်ပြင်ဆင်ရတော့သည်။

"ဒီနေ့ကစက်တင်ဘာလတစ်ရက်နေ့ဆိုတော့ ဒီလထဲမှာရန်ပွဲမရှိသေးပါဘူး ပါးပါး ဒါပေမဲ့ အရင်လကရန်ပွဲတွေကိုပြောရမယ်ဆိုရင်တော့ တစ်ပတ်မှာ နှစ်ခါနှုန်းနဲ့ဆိုတော့ တစ်လမှာ လေးပတ်ရှိတာ ဒါဆိုရင် လေးကို နှစ်နဲ့မြှောက်တော့ ရှစ်ခါရှိပါပြီ ပါးပါးကြီး"

စစ်မင်းထက်တော့မသိဘူး ဘေးကကြည့်နေတဲ့ စစ်မှူးသွယ်ကတော့ တခွီခွီနဲ့ရယ်ပြီး မောင်လုပ်သူပြောတာကို လက်မတစ်ထောင်ထောင်တောင်လုပ်နေသေးတယ်

"ရယ်မနေနဲ့ စစ်မှူးသွယ် နင်လည်းပါတယ် မောင်လုပ်သူကိုထိန်းသိမ်းမယ်မရှိဘူး မောင်လုပ်သူကလုပ်ပြီးဟေ့ဆိုတာနဲ့ သူပါဝင်ဆွဲပြီး ပါတော့တာပဲ  နှစ်ကောင်လုံးကျပ်ကျပ်သတိထားကြ"

တကယ်လည်းဟုတ်ပါသည် စစ်မှူးသွယ်ဆိုတဲ့ကောင်မလေးသည် အသားဖြူဖြူမျက်နှာသွယ်သွယ် နှင်းဆီရောင်သန်းနေတဲ့နှုတ်ခမ်းလေးနဲ့မှမလိုက် ရန်ပွဲတိုင်းမောင်လုပ်သူနဲ့အပြိုင်ပါဝင်ဆင်နွှဲတတ်သည် တစ်နည်းအားဖြင့် မိန်းကလေးဆိုပေမဲ့လည်း မနူးညံ့သောမိန်းကလေးတစ်ယောက် မောင်နှမသုံးယောက်မှာ ယောက်ျားလေးကနှစ်ယောက်ရှိပြီး ရှားရှားပါးပါး မိန်းကလေးဆိုလို့တစ်ယောက်တည်းပါပါတယ် ယောက်ျားလေးတွေနဲ့အတူ ဗြောင်းသတ်အောင်သောင်းကျန်းနိုင်တဲ့ ပါရမီလေးပါလာတော့ တစ်လမ်းလုံးက စစ်မှူးသွယ်ကို နာမည်သာမမေးမိရင် ယောက်ျားလေးလို့ကိုထင်ကြသည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now