အပိုင်း-၃ (Unicode)

510 33 0
                                    

စက်တင်ဘာလဆိုသည်အတိုင်း နေ့တစ်နေ့အစမှာ မိုးရေစက်လေးတွေကတော့တဖွဲဖွဲကျဆင်းနေတော့သည်။

ဒီနေ့မင်းသန့်ကျော်ဇင်ဆိုတဲ့လူကြီးနဲ့ စာချုပ်ကိစ္စချိန်းဆိုထားတာကြောင့် မိုးရွာနေပေမဲ့လည်းသွားရမည် ရာသီဥတုထဲမှာတော့ မိုးရာသီကိုတော့ ကြိုက်နှစ်သက်သည် ဘာလို့ဆို မိုးရွာမှခံစားရတဲ့ မြေနံ့သင်းသင်းလေးရဲ့ ရနံ့ကိုရှူရှိုက်ရတာ သဘောကျသည်။ပြတင်းပေါက်မှန်မှာ ကပ်တွယ်နေတဲ့ မိုးရေစက်လေးတွေကိုထိုင်ကြည့်နေရတာကိုတော့ သူအရမ်းသဘောကျမိသည်။

မိုးအေးအေးလေးမှာ နားထောင်နေကြဖြစ်တဲ့ စိုင်းထီးဆိုင်ရဲ့သီချင်းအေးအေးလေးတွေကို သူအမြဲတမ်းနားထောင်ဖြစ်သည်။ ခေတ်လူငယ်ဆိုပေမဲ့လည်း ခေတ်ပေါ်သီချင်းတွေထက် အရင်ခေတ်ကဆိုတဲ့ သီချင်းအေးအေးလေးတွေကို သူ့အနေနဲ့တမူထူးခြားစွာသဘောကျမိတာကြောင့် အမြဲတမ်းနားထောင်ဖြစ်သည်။

"သွားတော့မှာလား သားငယ်လေး မိုးရွာနေတာမို့ကားကိုဂရုစိုက်မောင်းသွားနော်"

အချိန်တိုင်းရိုးရိုးယဥ်ယဥ်လေးနဲ့ တစ်မူထူးဆန်းစွာလှပနေတတ်သည့်မားမားသည် အခုလည်းမြန်မာဝမ်းဆက်ပန်းနုရောင်လေးနဲ့လိုက်ဖက်ညီနေတော့သည်။

"ဟုတ်ကဲ့ပါ မားမားလည်း ဂရုစိုက်သွားနော် ချစ်တယ်"

သားအမိနှစ်ယောက်မနက်ခင်းတိုင်းနှုတ်ဆက်နေကြအတိုင်း တစ်ယောက်ပါးတစ်ယောက်နမ်းပြီးတာနဲ့ ကိုယ်စီအလုပ်တာဝန်အတွက် ချီတတ်ကြတော့သည်။

ကားမောင်းတဲ့အချိန်အတောအတွင်းကတော့ စိုင်းထီးဆိုင်သီချင်းလေးညည်းရင်း လောကသဘာဝကိုခံစားနေမိသည်။ ဘဝမှာနေတတ်ရင်းပျော်စရာတွေကြီးပါပဲ~~

"အိမ်ကြီးကခမ်းနားလိုက်တာ "

တရုတ်စကားပင်များနဲ့ပြည့်နှက်နေတဲ့ ခြံကြီးသည်ရင်သက်ရှူမောဖွယ်ကောင်းလှအောင်လှပနေသည်။

"ဒီကအကိုလေးက စစ်မင်းထက်လားခင်ဗျ"

suitအပြည့်နဲ့ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်သည် ယဥ်ကျေးစွာဖြင့်နှုတ်ဆက်လာတာကြောင့် သူပြန်ပြီးယဥ်ကျေးစွာဖြင့်နှုတ်ဆက်လိုက်သည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now