အပိုင်း-၉ (Unicode)

364 24 0
                                    

"ကိုယ်နဲ့ သူငယ်ချင်းဖွဲ့ရအောင် စစ်မင်းထက်"

မင်းသန့်ကျော်ဇင်ပြောလာတဲ့စကားတစ်ခွန်းက ရှေ့ကနှစ်ယောက်ကိုတော်တော်လေးထိရောက်နိုင်စွမ်းရှိလှသည်။ နှစ်ယောက်လုံး အသက်တောင်ကောင်းကောင်းရှုနေကြရဲ့လားဆိုတာတောင် သူမခန့်မှန်းနိုင်လောက်တဲ့အထိကို ငြိမ်သက်နေကြသည်။

"ကိုယ်ပြောလိုက်တဲ့စကားက အဲ့လောက်ထိအံ့သြစရာပါလို့လား"

"အင်း"

ရှေ့ကနှစ်ယောက်လုံးအပြိုင်ခေါင်းငြိမ့်ပြလေသည်။ သူအနေနဲ့ တော်တော်ကြီးကိုထူးဆန်းတဲ့စကားပြောခဲ့လိုက်မိတာလား!!

"ဦးသန့်က ကျွန်တော်နဲ့သူငယ်ချင်းဖွဲ့မယ် ဟိုတခါပြောထားသလိုလား"

"အင်း!! ကိုယ်ပြောတာလည်း အဲ့စကားပဲလေ"

"ဆရာက တကယ်ကြီး သူငယ်ချင်းဖွဲ့တော့မယ်ပေါ့လေ"

"အင်း!!"

သွေးအေးတဲ့မင်းသန့်ကျော်ဇင်ကတော့ သူ့ရဲ့မူလပုံစံအတိုင်း တည်ငြိမ်စွာနဲ့ ရှေ့ကနှစ်ယောက်မေးသမျှကို ခေါင်းသာငြိမ့်ပြသည်။

"ဒါဆို ဦးသန့် အခုလိုရုပ်တည်မနေဘဲ ပြုံးပြကြည့်"

"သူငယ်ချင်းဖွဲ့တာနဲ့ ကိုယ်ပြုံးပြတာနဲ့က သက်ဆိုင်နေလို့လား"

စစ်မင်းထက်ဘက်ကို ခန္တာကိုယ်ကိုတစောင်းလေးလှည့်လာပြီး ခုဏကမျက်နှာပုံစံအတိုင်း မူမပျက်ပဲမေးလေသည်။ဒီလောက်ရုပ်တည်နေမှတော့ ဘယ်သူကပေါင်းရဲတော့မှာလဲ!!

"ခင်ဗျားနဲ့မသိတဲ့လူသာဆိုရင် အခုချိန်ထပြေးလောက်ပြီ ခင်ဗျားရဲ့ရုပ်ကကြောက်စရာကောင်းနေလို့"

"ကိုယ်မပြုံးပြတတ်ဘူး"

ဒီတခါတော့ သနားဖို့ကောင်းစွာနဲ့ ပြောလာခဲ့သည်။ လူတွေအပေါ်ယုံကြည်မှုအများကြီးထားခဲ့တဲ့ သူ့ကို သစ္စာဖောက်လာတဲ့အခါမှာတော့ သူပြုံးပြရမှာကို ကြောက်ရွံ့ခဲ့သည်။ သူရယ်ပြရမှာကို ကြောက်လာခဲ့သည်။ လောကီဘဝမှာ ကြောက်ဖို့အကောင်းဆုံးက လူသားတွေသာဖြစ်သည်။

"ဘာလို့လဲ ဟိုနေ့ကတောင် ခင်ဗျားပြုံးပြနေသေးတယ်လေဗျာ"

"အဲ့တာက မင်းမို့လို့ ကိုယ်ပြုံးပြခဲ့တာလေ"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now