အပိုင်း-၂၄ (Unicode)

193 14 11
                                    

"အရေးပေါ်အစည်းအဝေးရှိတာကို ဥက္ကဋ္ဌမပါဘဲ လုပ်နေကြတယ်ပေါ့"

ဒေါ်မာယာခင်ဟာ သူ့ကိုမြင်တာနဲ့ တုန်လှုပ်နေတာကိုကြည့်ပြီး မင်းသန့်ကျော်ဇင် လှောင်ပြုံးလေး ပြုံးမိသွားသည်။ ပိုင်ပြီးဆိုပြီး လုပ်လိုက်ပေမဲ့ ထင်ထားသလို မဖြစ်လာတော့ တုန်လှုပ်နေသင့်တာပေါ့...

"မင်း....မင်းက ခုချိန်ဆို Operation room ထဲမှာရှိနေသင့်တာလေ!!"

"Suprise!!!! ဘယ်လိုလဲ...ခင်ဗျားအံသြ သွားတယ်မလား"

အသံအနိမ့်အမြင့်ဖြင့် မင်းသန့်ကျော်ဇင် ပြော​ပေးလိုက်သည်။

"မင်း...."

ထိုမျှသာပြောပြီး ဒေါ်မာယာခင်ဟာ ထိုင်ခုံပေါ်သို့ထိုင်ချမိသွားသည်။

"သြော်~ ဒါနဲ့ အရေးပေါ်အစည်းအဝေးခေါ်တယ်ဆိုတော့ ကျွန်တော့်ရဲ့ ရောဂါကိုအကြောင်းပြုပြီး ဥက္ကဋ္ဌနေရာကနေ ဖယ်ရှားပစ်မလို့လား!! ရောဂါကိုအကြောင်းပြုပြီး ဖြုတ်မယ်ဆိုရင်တော့ နည်းနည်းလေး တရားလွန်တယ်လို့ ခင်ဗျားတို့ မထင်ကြဘူးလား"

အခန်းထဲသို့ ဝင်လာတုန်းက ပြုံးရွှင်နေတဲ့ မင်းသန့်ကျော်ဇင်ရဲ့ မျက်နှာထားသည်  ချက်ချင်းလက်ငင်း အေးစက်တည်ငြိမ်လို့သွားတော့သည်။

"ကျွန်တော် ဒီရောဂါကိုစပြီးဖြစ်ခဲ့တာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက ခုမှလာပြီး ခင်ဗျားတို့က ဘာကိုအရူးထနေကြတာလဲ!!!!"

မင်းသန့်ကျော်ဇင် ပေါက်ကွဲထွက်လို့လာတော့သည်။

"ဆယ်နှစ်ကျော်ကာလအတွင်း ကျွန်တော့်ကြောင့် ခင်ဗျားတို့နစ်နာခဲ့တာတွေ ပျက်စီးယိုယွင်းမှုတွေရော ကြုံခဲ့ရလိုလား!!! ပြဿနာဖြစ်တိုင်း ဥက္ကဋ္ဌဆိုတဲ့ ဂုဏ်နဲ့အညီ ကျွန်တော်ကပဲ အကုန်လုံးကိုတာဝန်ယူဖြေရှင်းပေးခဲ့ရတာလေ"

ရှယ်ယာရှင်လူကြီးမင်းများသည် ချက်ချင်းခေါင်းငိုက်စိုက်ကာ ဘာမှမပြောလာတော့ချေ။ သို့သော် ဒေါ်မာယာခင်၏ လက်အောက်က လူတစ်ချို့သည် ထိုသို့ပြောလာခဲ့ကြသည်။

"ဒါဖြင့် ဥက္ကဋ္ဌက ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်ဆို...ဒီကိစ္စက ကုမ္ပဏီရဲ့ဂုဏ်သတင်းကို ဆွဲချနေတယ်ဆိုတာရော သိရဲ့လား!!!"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now