အပိုင်း-၁၆ (Unicode)

309 23 0
                                    

"မီးကြိုးတွေကို သေချာစနစ်တကျချိတ်ပေးနော် ပြီးတော့ တရုတ်စကားပင်တွေအကုန်လုံးမှာလည်း မီးလုံးလေးတွေအလှဆင်ပေးဦး!!"

မိုးလင်းကတည်းက မင်းသန့်ကျော်ဇင်တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။သီတင်းကျွတ်လပြည့်ရောက်ဖို့ (၂)ရက်ပဲလိုတော့တာမို့ တစ်ခြံလုံး လင်းထိန်နေအောင် အလုပ်သမားတွေကိုLED မီးသီးတွေချိတ်ဆွဲခိုင်းနေခြင်းဖြစ်သည်။

"ဆရာ! ဟိုနောက်ခြံက အပင်ကကော အဲ့တာကိုချိတ်စရာရှိတာတွေ အကုန်ချိတ်ရမှာလား"

"ဟင့်အင်း!!မလုပ်နဲ့ အဲ့တာက ကိုယ့်ဘာသာ လုပ်မယ် တခြားအပင်တွေကိုသာ ဒီနေ့အပြီးလုပ်ပေးပါ"

အနောင်ဘက်ခြံက အပင်လေးကိုတော့ ကြယ်လေးနဲ့အတူ အလှဆင်ဖို့အတွက် သူပြင်ဆင်ထားသည်။အရင်နှစ်တွေကသီတင်းကျွတ်တိုင်းကို အလုပ်နဲ့သာ သူကုန်ဆုံးခဲ့ရသည်။ ဒီနှစ်မှာတော့ ကြယ်လေးက သူနဲ့အတူတူရှိနေတာကြောင့် မိဘတွေရှိတုန်းကလို ပျော်ရွှင်တဲ့သီတင်းကျွတ်လေးအဖြစ် အမှတ်တရတွေ ဖန်တီးချင်မိသည်။

ဒါပေမဲ့ အခုတော့သူတစ်ယောက်တည်းဖြစ်နေသည်
ကြယ်လေးကအပြင်သွားစရာရှိတယ်လို့ပြောပေမဲ့ သူစိတ်မချတာကြောင့် စွမ်းဆောင်ကိုပါ ကြယ်လေးအနဲ့အတူ တစ်ခါတည်းလိုက်သွားခိုင်းလိုက်သည်။ပြန်လာရင်တော့ ကြယ်လေးပျော်သွားမယ်ဆိုတာကို သူယုံကြည်မိသည်။

"ကိုယ်က အမြဲတမ်း မင်းပျော်ရွှင်အောင် ဖန်တီးပေးပါရစေ ကြယ်လေး"

နေ့ဝက်လောက်ရှိတော့ ခြံထဲမှာအရမ်းပူလာတာကြောင့် အခန်းထဲမှာ ခဏအနားယူဖို့အတွက် အိမ်ပေါ်ထပ်ကိုသာတတ်လာခဲ့သည်။

"ဦးသန့်!! ဦးသန့် !! ခ. ခဏလေး"

အမောတကောနဲ့ပြေးဝင်လာတဲ့ ကြယ်လေးကြောင့် သူအလန့်တကြားဖြစ်မိသည်။

"ဘာလို့လဲ မင်းအနောက်ကို ဘယ်သူတွေလိုက်လာလို့လဲ ကိုယ့်ကိုပြော စွမ်းဆောင်က ဘာလို့မင်းအနားမှာရှိမနေရတာလဲ!!! "

ဘာမှမပြောနိုင်ပဲ အသက်ကိုမနည်းရူးနေရတဲ့ကြယ်လေးရဲ့ပုံစံကြောင့် သူရဲ့စိုးရိမ်စိတ်သည် ဒေါသအဖြစ်သို့ပြောင်းလဲသွားသည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now