အပိုင်း-၂၀ (Unicode)

278 16 0
                                    

ပြတင်းပေါက်ဆီကနေ တိုးဝင်လာတဲ့ ဆောင်းရူးလေပြေလေသွေးများသည် နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကြယ်လေးရဲ့အနား တိုးဝှေ့လို့နေတော့သည်။

လွန်ခဲ့တဲ့နှစ်လကမှ ငွေမျှင်ရောင်ဆိုးထားရာကနေ အခုတော့ အမည်းရောင်အဖြစ် ပြောင်းလဲသွားပြန်သည်။ကြယ်လေး၏ မျက်နှာသည် ဆံပင်အရောင်တွေ ဘယ်လိုပဲပြောင်းပြောင်း နဖူးပေါ်ဝဲဝဲလေးကျနေတတ်တဲ့ ဆံကေသာလေးတွေကတော့ နူးညံ့ပျော့အိစွာ နဂိုအတိုင်းရှိနေဆဲဖြစ်သည်။

ပြတင်းပေါက်ကနေတိုက်ခတ်လာတဲ့ လေအရှိန်ကြောင့် ကြယ်လေးရဲ့ ဆံပင်လေးတွေလည်း ဝဲပျံလို့နေသည်။

"အွင်းးးးဦးသန့်!!"

မှေးစက်နေရာကနေ ပွင့်လာတဲ့ မျက်လုံးတစ်စုံကြောင့် မင်းသန့်ကျော်ဇင်တစ်ယောက် ကြယ်လေးကို ကြည့်နေရင်း သူခိုးလူမိသလို ဖြစ်သွားတာကြောင့် အကြည့်ကိုပြတင်းပေါက်ဘက်သို့ အမြန်ပြောင်းလိုက်ရသည်။ ကြယ်လေးကတော့ သတိမပြုမိပဲ ပျင်းကြောဆန့်ကာ တစ်ဖက်လှည့်ပြီး အိပ်ယာထဲ စောင်ခြုံကာ နောက်တစ်ကြိမ်ပြန်အိပ်နေပြန်သည်။

"ဘာလို့ ဗြုန်းစားကြီးရောက်လာရတာလဲ ကိုစစ်!! ပြီးတော့ ဒီလောက်ဝေးတဲ့ခရီးကို ခဏလေးမှမနားပဲ တစ်ယောက်တည်းကားမောင်းရတာလဲကွာ"

ပြန်အိပ်ပျော်သွားတဲ့ ကြယ်လေးရဲ့ ကျောပြင်ကို သူဖွဖွလေးပွတ်ပေးရင်း စကားပြောနေမိသည်။ အိပ်ပျော်နေတဲ့ကြယ်လေးကတော့ သူပြောတာကိုနားထောင်နေလားဆိုတာကိုတော့ သူလည်းမပြောတတ်ပေ!!

"ဗြုန်းစားကြီးရောက်လာတာတော့မဟုတ်ရပါဘူးနော်"

ကြယ်လေးသည် သူပြောတာကို ပြန်ဖြေနေပုံအရ အိပ်မပျော်သွားပဲ အိပ်ယာပေါ် ငြိမ်ငြိမ်လေး လှဲပြီး အနားယူနေခြင်းသာဖြစ်သည်။

"ဒါဆို~~ဘာလို့ရောက်လာလဲ ကိုယ့်ကိုပြောပါဦး"

"အမ်!! ဦးသန့်ကို ကိုကြီးကပြောပြထားတယ်ဆို"

Jasmine tea နွေးနွေးလေးတစ်ခွက်ကို ကြယ်လေးကို လှမ်းပေးရင် သူလည်း ကြယ်လေးဘေးနားတူတူကပ်ထိုင်လိုက်တော့သည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now