အပိုင်း-၅ (Unicode)

433 35 3
                                    

"မတွေ့တာကြာပြီနော် မင်းသန့်ကျော်ဇင်"

ကုမ္ပဏီ၏Car packing ဘက်သို့အသွားကြားလိုက်ရတဲ့စကားသံသည် သွေးအေးလွန်းလှသည်။

"မင်းကရောငါ့ကို တွေ့ချင်နေတာလား မြတ်ခ"

မင်းသန့်ကျော်ဇင်နဲ့မြတ်ခသည် ညီအစ်ကိုတစ်ဝမ်းကွဲတော်စပ်သော်လည်း ခင်မင်ရင်းနှီးမှုမရှိကြပါ။ တစ်ယောက်နဲ့တစ်ယောက် ဦးသူနိုင်ကြေးစနစ်နဲ့ လောင်းကြေးထပ်ထားကြတဲ့အတိုင်း ဦးတဲ့သူက စကားအစချီပြီး အမြဲတမ်းစကားနာထိုးတတ်ကြသည်။

"အစ်ကိုဖြစ်သူကို အရင်တိုင်းပဲ မရိုမသေဆက်ဆံတုန်းပဲလား"

"အစ်ကိုလို့ခေါ်ခံချင်ရင် အစ်ကိုပီသအောင်နေတတ်ရတယ်ဆိုတာကို မင်းအရင်နားလည်သင့်တယ်"

မင်းသန့်ကျော်ဇင်သည် ဦးလေးလုပ်သူ၏ မျက်နှာကြောင့်သာ အခုလိုပြန်​အဖက်လုပ်စကားပြောနေခြင်းဖြစ်သည်။သွေးမတော်သားမစပ်လို့ကတော့ မြတ်ခလိုလူစားမျိုးကို အထူးတလည်ဆက်ဆံပေးမည်မဟုတ်ပါ..

"ငါပြန်လာတာ မင်းရဲ့နေရာကို ဆက်ခံဖို့ပြန်လာခဲ့တာလေ"

"နောင်နှစ်တစ်ရာလောက် ဘုရားမှာဆုသွားတောင်းနေလိုက်!!"

"ငါ့ဆုတောင်းတွေက မကြာခင်ပြည့်လာတော့မှာပါ ပြီးတော့ မင်းရဲ့လျှိုဝှက်ချက်ကိုလည်း ဖော်ထုတ်တော့မှာမို့ စောင့်နေလိုက်ပါ မင်းသန့်ကျော်ဇင်"

ကျောခိုင်းထွက်သွားတဲ့နှစ်ယောက်လုံး၏ အပြုံးသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေတော့သည်။

စွမ်းဆောင် ကားအနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်တာနဲ့ မင်းသန့်ကျော်ဇင်အသာယာပဲဝင်ထိုင်လိုက်သည်။ ခန္တကိုယ်နေမကောင်းဖြစ်နေရာကနေ အခုစိတ်အခြေအနေကပါ ဟိုးအောက်ဆုံးထိထိုးကျနေသည်။

မင်းသန့်ကျော်ဇင်၏ဦးလေးဖြစ်သူ ဦးကျော်စွာမိုးသည် စိတ်ရင်းစေတနာကောင်းလှသည်။ တူဖြစ်သူ မင်းသန့်ကျော်ဇင်ကိုလည်း မိဘတွေမရှိတော့တဲ့နောက်ပိုင်း သားအရင်းလိုချစ်ခင်ကြင်နာပေးသည်။စောင့်ရှောက်ပေးသည်။ဒါတွေကြောင့် မင်းသန့်ကျော်ဇင်သည် ဦးလေးလုပ်သူကို ဖခင်ပမာ ချစ်ကြောက်ရိုသေလေးစားတတ်သည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now