အပိုင်း-၆ (Unicode)

387 26 0
                                    

"ကျွန်တော်နဲ့ သူငယ်ချင်းဖွဲ့ကြရအောင် ဦးသန့်"

စစ်မင်းထက်ပြောလာသည်ကို မင်းသန့်ကျော်ဇင်တွေးနေမိသည်။

"ကိုယ်က မင်းနဲ့ သူငယ်ချင်းဖွဲ့ရအောင် ကိုယ်ကမင်းနဲ့ရွယ်တူမှမဟုတ်တာ"

"ရွယ်တူဖြစ်မှ သူငယ်ချင်းဖွဲ့လို့ရတာမှမဟုတ်တာ တစ်ယောက်ပေါ်တစ်ယောက်ယုံကြည်နားလည်ပေးပြီး အတူတူဖေးမကူညီပေးတာမှ သူငယ်ချင်းလို့ခေါ်တာ သူငယ်ချင်းဖြစ်ဖို့ဆိုရင် အသက်အရွယ်မလိုအပ်ဘူး ဦးသန့်"

မင်းသန့်ကျော်ဇင်သည် လုပ်ငန်းကိစ္စကြောင့်သာပေါင်းနေရတဲ့သူငယ်ချင်းတွေရှိပေမဲ့လည်း စစ်သူရတစ်ယောက်တည်းသာ တက္ကသိုလ်ကတည်းကပေါင်းလာတဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သည်။ စစ်မင်းထက်ပြောလာသည့် စကားများသည် မှန်သင့်သလောက်ထိကိုမှန်သည်။ မင်းသန့်ကျော်ဇင်အတွက် အယုံကြည်ရဆုံးလူနှစ်ယောက်သာရှိသည် တစ်ယောက်ကစွမ်းဆောင် နောက်တစ်ယောက်စစ်သူရ သူတို့နှစ်ယောက်ကသာလျှင် ဆိုးတူကောင်းဘက် မျှဝေခံစားပေးနိုင်တဲ့သူများဖြစ်သည်။

"ကိုယ် စဥ်းစားချင်သေးတာမို့ သွားအိပ်တော့ စစ်မင်းထက်"

"ဟုတ်ကဲ့~ ကောင်းသောညပါ ဦးသန့်"

စစ်မင်းထက်သည် အထီးကျန်သလိုခံစားနေရတဲ့ ဦးသန့်ကို အကြံဥာဏ်ပေးနိုင်လောက်တဲ့အထိ ပေးပြီးသွားပြီ။ကျန်တာက ဦးသန့်တွေးရမယ့်အပိုင်းဖြစ်သွားပြီမို့ ဝင်ရောက်မနှောက်ယှက်ခြင်းဖြစ်သည်။
အခန်းထဲရောက်တာနဲ့ laptopဖွင့်ပြီး facebookကြည့်နေလိုက်သည်။ထိုအချိန် messangerမှ စာတစ်စောင်ဝင်လာခဲ့သည်။

SMT~ကိုစစ် အခြေအနေဘယ်လိုလဲ သူများအိမ်မှာ ကောင်းကောင်းနေရဲ့လား အရူးကောင်လေး

SMH~မမ~နင်ဟာလေ ငါ့ကိုဆိုအကောင်းမ​မြင်ဘူးအဆင်ပြေတယ် စိတ်ပူစရာမလိုဘူး

SMT~ငါကမနက်ဖြန်ဆို နင်အထုပ်ဆွဲပြီး ပြန်လာမယ်ထင်နေတာ ဟား!!

လှောင်နေတဲ့emojiတစ်ခုနဲ့အတူ စာပြန်ပို့လာတဲ့ စစ်မှူးသွယ်တစ်ယောက်ရယ်နေမယ်ဆိုတာကို မမြင်ရရင်တောင် သူတွေးလို့ရသည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now