အပိုင်း-၁၉ (Zawgyi)

151 6 0
                                    

"အကိုလေး ခဏနားရင် နားလိုက်ပါလား ကျွန်တော်မောင်းပေးပါ့မယ်"

ရန်ကုန်ကနေ ပြင်ဉီးလွင်မြို့ထဲရောက်တဲ့အထိ စစ်မင်းထက် မရပ်မနားတောက်လျှောက်မောင်းလာခဲ့သည်။ကိုကြီးက တစ်ယောက်တည်းကားမောင်းရင် အန္တာရယ်ရှိနိုင်တယ်ဆိုပြီး သူရဲ့အတွင်းရေးမှူးဖြစ်သူ အစ်ကိုတည်တန့်ကို အဖော်အဖြစ်ထည့်ပေးလိုက်သည်။

"ကျွန်တော်အဆင်ပြေပါတယ် အစ်ကိုတည်တန့်ရဲ့ ရောက်လည်းရောက်ခါနီးပြီကို"

"တစ်ညလုံးတောက်လျှောက်မောင်းလာတာမို့ အကိုလေးခဏလောက်ပဲဖြစ်ဖြစ်နားလိုက်ပါလား ခဏလေးမှေးလိုက်ပေါ့"

အစ်ကိုတည်တန့်က အတင်းအနားယူခိုင်းနေတာမို့ စစ်မင်းထက်လည်း မငြင်းတော့ဘဲ ကားမောင်းတဲ့နေရာကနေ ဖယ်ပေးလိုက်တော့သည်။

"ဟယ်လို!! အစ်ကိုစွမ်းဆောင် အခုဘယ်နေရာမှာတည်းနေတာလဲ"

စစ်မင်းထက် ဉီးသန့်တည်းတဲ့hotelကို သိရဲ့သားနဲ့ တမင်သက်သက်စကားအစ်နေလိုက်သည်။

"ဟုတ်ကဲ့!!! ဘာမှမဟုတ်ပါဘူး ဒီအတိုင်းမေးကြည့်တာပါ ဒါနဲ့ ဉီးသန့်ရော ဖုန်းဆက်တာလည်း မကိုင်လို့"

"ဟုတ်!! ဒါဆို ဒါပဲနော်"

ဉီးသန့်က တစ်ညလုံးအလုပ်ကိစ္စမပြတ်သေးလို့ လုပ်နေတာမို့ ခုဏကမှအိပ်ပျော်သွားတယ်လို့ အစ်ကိုစွမ်းဆောင်ပြောပြတော့မှ စစ်မင်းထက် စိုးရိမ်သွားရသည်။

တစ်ညလုံးတောင်မအိပ်ဘူးဆိုရင် အစားလည်းစားမှာမဟုတ်တဲ့ ဉီးသန့်ရဲ့အကျင့်ကို သူသာလျှင်အသိဆုံးဖြစ်သည်။

"ဟူး~~ ကလေးတောင် အဲ့လောက်ပြောရမှာမဟုတ်ဘူး"

သက်ပြင်းချသံအနဲ့အတူ သူတို့ရဲ့ကားလေးလည်း Hotelရှိရာကို ရောက်လာခဲ့ပြီဖြစ်သည်။

"ကြွပါ ဆရာ!! Boss ဖုန်းဆက်ထားလို့ အကြောင်းစုံကြိုသိပြီးသားပါခင်ဗျ"

hotelရဲ့တာဝန်ရှိသူဖြစ်တဲ့ ဉီးပိုင်က သူ့ကို လာနှုတ်ဆက်တာကြောင့် စစ်မင်းထက် အားနာမိသွားသည်။သူကတစ်ခါမှ Hotelဘက်ကို မရောက်လာဖူးတာကြောင့် သူ့ကိုလည်း သူများတွေကလည်း နည်းနည်းရှိန်ကြသလို သူကလည်း နည်းနည်း အို့တို့အမ်းတမ်းဖြစ်ရသည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now