အပိုင်း-၁၀ (Zawgyi)

196 10 19
                                    

ဒီနေ့တော့မြတ်ခတို့မိသားစု ပထမဆုံးအကြိမ် မိသားစုစုံစုံလင်လင်နဲ့ ထမင်းစားဖြစ်ခဲ့ကြသည်။အိမ်မှာမဟုတ်ပဲ လန်းလန်းဆန်းဆန်းလေးလည်းရှိအောင် ဆိုင်တစ်ဆိုင်မှာစားဖို့အတွက် ဒေါ်မာယာနွယ်စီစဉ်လိုက်သည်။

"မေမေ ဒီဆိုင် ဟုတ်တယ်နော်"

ကားပါကင်မထိုးခင် မြတ်ခသည် အနောက်ခန်းမှာထိုင်နေတဲ့ အမေဖြစ်သူကိုလှမ်းမေးလိုက်သည်။အဖေဖြစ်သူကတော့ သူတို့စကားဝိုင်းမှာဝင်မပါဘဲ တိတ်ဆိတ်နေခဲ့သည်။

"ဟုတ်တယ်လေသား ဒီဆိုင်ဟုတ်တယ်"

"ဟုတ်ကဲ့!! မေမေ"

အမေဖြစ်သူက မှန်ကန်ကြောင်းပြောလာတာကြောင့် မြတ်ခလွတ်နေတဲ့တစ်နေရာမှာ ကားပါကင်ထိုးလိုက်တော့သည်။

"ကြွပါရှင့် bookingsယူထားသေးလားခင်ဗျ"

"ဒေါ်မာယာနွယ်နာမည်နဲ့ ကြိုချိန်းထားပါတယ်"

"ဟုတ်ကဲ့ ဒါဆို ဒီဘက်ကိုကြွခဲ့ပါရှင့်"

ဧည့်ညွှန်ဝန်ထမ်း၏ ခေါ်ဆောင်မှုနဲ့အတူ မြတ်ခတို့မိသားစုရောက်လာတဲ့အခန်းက VIPအခန်းတစ်ခန်းဖြစ်သည်။အခန်းပြင်ဆင်မှုသည် အနောက်တိုင်းဆန်ဆန်ပြင်ဆင်ထားတာကြောင့် မြင်ရသူအဖို့ အမြင်ဆန်းသစ်လှသည်။

"ကြိုမှာထားတာတွေပဲ ချပေးပါ"

မြတ်ခ၏အမေ ဒေါ်မာယာနွယ်သည် ကြိုစီစဉ်ထားသည့်အတိုင်း ဝန်ထမ်းကို မှာကြားနေသည်။တစ်နှစ်နေလို့ တစ်ခါတောင်မဆုံရတဲ့ သူတို့မိသားစုအဖို့ အခုလိုမိသားစုစုံစုံလင်လင်နဲ့ အတူတကွစားရတာဟာ တကယ်ကိုကြုံကြိုက်တဲ့ အခွင့်ရေးတစ်ခုလို့ပြောရမည်။

"မေမေက ဒီဆိုင်ကိုခဏခဏလာဖြစ်တာလား"

ဖန်ခွက်တစ်ခုစီကိုရေငှဲ့ရင်း မြတ်ခမေးမိသည်။ အဖေရှေ့တစ်ခွက် အမေ့ရှေ့ရေခွက်တစ်ခွက်စီ အစဉ်လိုက်ချပေးပြီးမှ သူ့အတွက်တစ်ခွက်ထည့်သည်။မြတ်ခသည် မိဘတွေအပေါ်သိတတ်ပေမဲ့လည်း မိဘတွေက ဒီအတိုင်းအသိမှတ်ပြုသည်လည်းမဟုတ် မပြုသည်လည်းမဟုတ်ပဲ သူတို့ဘာသာနေတတ်ကြသည်။

"အင်း~မကြာခဏတော့ ရောက်ဖြစ်တယ်"

"အဖေကရော ဘယ်ဆိုင်တွေသွားဖြစ်လဲ ကျွန်တော်လည်းကောင်းတဲ့ဆိုင်လေးတွေသိချင်လို့"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now