အပိုင်း-၁၁ (Unicode)

336 31 3
                                    

"ထွက်သွားတဲ့သူနဲ့ ကျန်ခဲ့တဲ့သူမှာ ဘယ်သူကပိုနာကျင်ခံစားရမလဲ"

စစ်မင်းထက်ပြောလာတဲ့စကားကြောင့် သီဟအလန့်တကြားဖြစ်မိသည်။ထူးထူးဆန်းဆန်း ဘာတွေလာပြောနေမှန်းကိုမသိဘူး!!

"ဘာတွေပြောနေတာလဲ ကိုစစ်"

"ငါမေးတာကိုသာ ဖြေစမ်းပါ"

သူ့ရှေ့မှာချထားတဲ့ရေခဲရေခွက်ထဲက ရေတွေအကုန်လုံးကိုသောက်ရုံသာမက ရေခဲတုံးတွေကိုပါ တကျွတ်ကျွတ်နဲ့ဝါးစားနေသေးသည်။တစ်ခါမှ အချစ်​နဲ့ပတ်သတ်ရင် မခံစားဘူးတဲ့သူက အခုသူ့ကိုထူးထူးဆန်းဆန်းစကားတွေပြောပြီး လာရစ်နေသည်။

"ငါမှမခံစားဘူးတာ အဲ့တော့ဘယ်လိုသိမလဲကွ!!"

"ပြောပြပါကွာ ငါသိချင်လို့ဆို"

သူငယ်ချင်းဖြစ်သူရဲ့နဖူးကို လက်ဖျားနဲ့စမ်းပြီး သီဟကိုယ်ပူတိုင်းနေမိသည်။ဖျားနေလို့ ကယောင်ကတမ်းစကားတွေပြောရအောင်လည်း သူ့ဆိုင်ထိ လာနိုင်တယ်ဆိုကတည်းက ဒီကောင်အကောင်းကြီးရှိတုန်းပဲဆိုတာ သူခန့်မှန်းမိသည်။ဘယ်အတွေးတွေကများ စစ်မင်းထက်ကို အခုလိုအခြေအနေရောက်သွားတဲ့အထိ ပြုစားသွားတာလဲမသိ!!!

"မင်းအရမ်းသိချင်နေတယ်ဆိုလို့ ငါသိသလောက်ပြောပြမယ်ကွာ တကယ်တော့ အဲ့လိုအခြေအနေမျိုးမှာဆို နှစ်ယောက်လုံးခံစားရတာပဲ"

"ဘာဖြစ်လို့ နှစ်ယောက်လုံးကခံစားရတာလဲ"

"မင်းပဲစဥ်းစားကြည့်ကွာ ထားခဲ့ပစ်တယ်ဆိုတဲ့သူကလည်း သူအရမ်းချစ်ရတဲ့သူတစ်ယောက်ကိုထားခဲ့ချင်ပါ့မလား နောက်ပြီးကျန်ခဲ့တဲ့သူကြတော့လည်း သူ့အမှားတွေကြောင့် ကျန်ခဲ့ရရင်တစ်မျိုးကွာ သူ့အမှားမဟုတ်ပဲကျန်ခဲ့ရရင်တော့ သူလည်းနာကျင်ခံစားရတာပဲလေ"

"အဲ့တာဆို နှစ်ယောက်လုံးက သနားဖို့ကောင်းတာပေါ့"

သီဟပြောသမျှကို သေချာအာရုံစိုက်ပြီးနားထောင်နေတဲ့ စစ်မင်းထက်သည် နောက်ဆုံးတော့ သူလိုချင်တဲ့အဖြေရသွားတာကြောင့် ခေါင်းတငြိမ့်ငြိမ့်နဲ့ အတွေးကမ္ဘာထဲ ပြန်လည်ရောက်ရှိသွားပြန်သည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now