အပိုင်း-၂၅ (Unicode)

471 15 5
                                    

မနက်ခင်းရဲ့  နေရောင်ခြည်နွေးနွေးလေးသည် တရုတ်စကားပင်တွေကြားကနေ အခန်းတွင်းသို့ ဖြာကျနေတော့သည်။

အခန်းတွင်း၌ သူရဲ့ ချစ်ခင်ရပါသော  ကြယ်လေးသည် အပူပင်ကင်းမဲ့စွာ စောင်ပုံထဲသို့ တိုးဝှေ့အိပ်နေသည်မှာ ကလေးပိစိလေးကဲ့သို့ပင် ဖြစ်နေတော့သည်။

မနက်စောစော ချစ်ရသူရဲ့ မျက်နှာလေးကို ​တစိမ့်စိမ့်ထိုင်ကြည့်ရခြင်းမှာလည်း အင်မတန်ကံကောင်းသော ဆုလာဘ်တစ်ခုကဲ့သို့ပင်။

နတ်ဘုရားတွေကများ သူ့ကိုချစ်လွန်းလို့ ကြယ်လေးဆိုတဲ့ ထိုလူသားလေးကို ကောင်းချီးပေးခဲ့သလားလို့ပင် မင်းသန့်ကျော်ဇင် ထိုင်တွေးနေမိတော့သည်။

ကြယ်လေးရဲ့ ဖြောင့်တန်းနေတဲ့ မျက်ခုံးမထူးမပါးလေးရယ်...အမြဲတမ်းလင်းလက်နေတဲ့ မျက်ဝန်းဝှိုင်းဝှိုင်းလေးရယ်...မထူမပါးထောင့်ချိုးကျနေတဲ့ နှုတ်ခမ်းသားအိအိလေးတွေကတော့ သူရဲ့အကြိုက်ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့နေသည်။

"ဦးသန့်...ဘာဖြစ်လို့ ကျွန်တော့ကို မေးထောက်ပြီး ကြည့်နေရတာလဲ"

အိပ်ချင်မပြေသေးတဲ့ ကြယ်လေးသည် သူ့ကိုကြည့်နေသည်ကို သတိထားမိသွားတာမို့ သူ့နားသို့ကပ်လာကာ တိုးတိုးလေး မေးလို့လာသည်။

"ဒီအတိုင်းလေး ကြည့်နေရတာကို သဘောကျလို့"

"ကျွန်တော်လည်း ဦးသန့်ကို ဒီတိုင်းလေး ငေးကြည့်နေရတာကို သဘောကျတယ်"

ရင်ခွင်ထဲသို့ တိုးဝင်လာတဲ့ ကြယ်လေးသည် မနက်နိုးတာနဲ့ တီတီတာတာတွေပြောကာ ချွဲနွဲ့လို့နေတော့သည်။

မနက်၇နာရီလည်းခွဲနေပြီမို့ စစ်မင်းထက်တစ်ယောက် ဦးသန့်ရင်ခွင်ထဲက ထကာ မနက်စာပြင်ဆင်ဖို့ရန် မီးဖိုချောင်ထဲသို့ ထွက်လာလိုက်တော့သည်။

မနက်ဘယ်ချိန်ကတည်းကနှိုးနေလဲ မသိတဲ့ဦးသန့်သည် ဆေးအရှိန်ကြောင့် နောက်တစ်ကြိမ်ပြန်ပြီး အိပ်ပျော်သွားပြန်သည်။

ဦးသန့်ရဲ့ နဖူးထက်သို့ အနမ်းခြွေရင်း သူတိုးတိုးလေးရေရွတ်မိသည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now