အပိုင်း-၈ (Unicode)

358 29 5
                                    

မင်းသန့်ကျော်ဇင် Dinnerပွဲကပြန်ရောက်တော့ တစ်အိမ်လုံးမှောင်မည်းနေသည်ကိုတွေ့ရသည်။အမှန်ဆို ၁၀နာရီလောက်က စစ်မင်းထက် အိပ်ပျော်နေတတ်တဲ့အချိန်မဟုတ်ပါ။အခုက မီးပျက်နေတာလည်းမဟုတ်ပဲ အိမ်ကဘာလို့မီးတွေမထွန်းထားရတာလဲ...

"စွမ်းဆောင် ဟိုကောင်လေးဘာလို့ မီးမထွန်းထားတာလဲ"

အဲ့တော့မှစွမ်းဆောင်သည် သတိရဟန်ပြုသည်။

"အကိုလေးက ကျွန်တော့်ကို​ဖုန်းဆက်ထားပါတယ်သူ့သူငယ်ချင်းတွေနဲ့ချိန်းထားလို့ပါတဲ့ တောင်းပန်ပါတယ်ဆရာ ကျွန်တော်ပြောဖို့ မေ့သွားလို့ပါ"

စွမ်းဆောင်ကိုဖုန်းဆက်ထားရင်တော့ သူစိတ်ချရပါသည်။အခုခေတ်က ယောက်ျားလေးတွေလည်း ညဘက်အပြင်ထွက်လို့မကောင်းတဲ့အချိန်ကာလကိုရောက်နေပြီဖြစ်သည်။သူငယ်ချင်းဖြစ်သူက စိတ်ချလက်ချနဲ့ သူ့ဆီအပ်ထားခဲ့တာမို့ စစ်မင်းထက်ကို အစစအရာရာစောင့်ရှောက်ဖို့ သူ့မှာတာဝန်အပြည့်ရှိသည်။

"နောက်တစ်ခါ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်ကိုအသိပေးထားပါ စွမ်းဆောင် နောက်တစ်ခါဒီလိုမဖြစ်ပါစေနဲ့"

"ဟုတ်ကဲ့ပါ ဆရာ"

ခေါင်းငုတ်အရိုပြုလာတဲ့စွမ်းဆောင်ကိုလည်း သူဂရုမပြုတော့ဘဲ အပေါ်ထပ်ကိုတတ်လာခဲ့သည်။စိတ်ကတော့ ပြန်မလာသေးတဲ့ စစ်မင်းထက်ဆီကိုပဲရောက်နေတော့သည်။

"အခုချိန်ထိ ဘာလို့မပြန်လာရသေးတာလဲ"

စာအုပ်တစ်အုပ်ကိုင်ပြီး စာဖတ်နေတယ်သာလို့သာ အမည်တွင်တာ တကယ်တော့ မျက်စိကခြံထဲကားဝင်လာမယ့်အချိန်ကိုသာစောင့်နေမိသည်။ ည၁၁နာရီခွဲဆိုတဲ့ အချိန်ကိုရောက်တော့ မင်းသန့်ကျော်ဇင် စိတ်ပူနေပြီဖြစ်သည်။ နောက်ဆုံးတော့ ဖတ်လက်စစာအုပ်ကို စားပွဲပေါ်ပစ်တင်ပြီး ခြံထဲကိုသာ သူဆင်းလာလိုက်တော့သည်။

"အိပ်မပျော်လို့လား ဆရာ"

မင်းသန့်ကျော်ဇင် ခြံထဲလမ်းဆင်းလျှောက်တော့ အိပ်မပျော်သေးတဲ့စွမ်းဆောင်ကလည်း သူနဲ့အတူ လမ်းအတူတူလျှောက်နေခဲ့သည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now