Prologue

21.8K 839 23
                                    

[Zawgyi]

January 16,1943

During the second Sino-Japanese war,

တရုတ်​နိုင်​ငံ၏ အ​အေးဆုံးလဖြစ်​သည့်​ ဇန်​နဝါရီလတွင်​ ချူံ ချင်းမြို့၏ အပူချိန်​က အနိမ့်​ဆုံး 6°Cသာ ရှိသည်​မို့ ခိုက်​ခိုက်​တုန်​​အောင်​ ​အေးလွန်းလှသည်​။

ခြေဖျားလက်​ဖျား​တွေပင်​ ခဲလုမတတ်​ ​အေးစက်​​နေ​သော်​လည်း ခန်းမကျယ်​ထဲရှိ လူများအားလုံးမှာ အသက်​ပင်​ရဲရဲမရှူ ရဲကြ။

နီးရာဓားကို ​ကြောက်​​နေရသည့်​ ​ခေတ်​ကာလကြီးမှာ အခုသူတို့ ​ရောက်​​နေသည့်​​နေရာက ဂျပန်​စစ်​တပ်​အချို့ စခန်းချထားရာ​နေရာ။ အခန့်​မသင့်​လို့ အသက်​ရှူ သံ​လေးပြင်းသွားရင်​​တောင်​ "နားငြီးလို့"ဆိုတဲ့ အ​ကြောင်းပြချက်​နှင့်​ လူ့အသက်​ကို ပုရွက်​ဆိတ်​သတ်​သလို သတ်​​နေသည့်​ ဂျပန်​​တွေလက်​ထဲ ​ရောက်​​နေရသည့်​ဘဝ​တွေမို့ အသက်​ကို ဉာဏ်​​စောင့်​​နေရသည်​။

စစ်​ပွဲကာလမို့ ပြည်​သူ​တွေရဲ့ ဘဝမှာ ကျီးလန့်​စာစားပင်​။ ​နေရာအတည်​တကျပင်​ မ​နေနိုင်​ပဲ အိုးအိမ်​ခြံ​မြေကို စွန့်​ခွာကာ အသက်​လု​ပြေး​နေရသည်​မို့ စီးပွား​ရေး၊ ကျန်းမာ​ရေး နှင့်​ ပညာ​ရေးစသည့်​ အဖက်​ဖက်​မှာ ကျဆင်းလျက်​။

နိုင်​ငံ​တော်​ကလည်း စစ်​ပွဲကိုသာ အာရုံစိုက်​​နေရသည့်​အတွက်​ ပြည်​သူ​တွေအ​ပေါ် တာဝန်​လစ်​ဟင်းခဲ့ရသည်​။ ဒီစစ်​ပွဲကြီး​ကြောင့်​ အသက်​ဆုံးရှုံးရသူများလည်း မနည်း​တော့။

တစ်​​နေ့တစ်​​နေ့ ​သွေးထွက်​သံယို​တွေ မြင်​​နေရတာကိုလည်း စိတ်​ပျက်​လှပြီ.......။

ထိုစဉ်​ အခန်းတံခါးပွင့်​သွားပြီး အထဲကို ဝင်​လာသည့်​ လူတစ်​​ယောက်​။ ဂျပန်​စစ်​စခန်း​ရောက်​​နေမှ​တော့ ဂျပန်​​ကောင်​ပဲဖြစ်​မည်​ဆို​သော အ​တွေးနှင့်​ အကုန်​လုံးက ​ခေါင်းငုံ့ထားကြသည်​။ ရွံ​ကြောက်​​ကြောက်​လွန်းလို့ ဖြစ်​နိုင်​ရင်​ ဒီ​ကောင်​​တွေရဲ့ မျက်​နှာ​တောင်​ မကြည့်​ချင်​ဘူး။

စစ်​ဖိနပ်​သံက အခန်းထဲတွင်​ ကျယ်​​လောင်​စွာ မြည်​ဟည်း​နေသည်​။ တစ်​လှမ်းချင်း​လျှောက်​လာ​တာ​ကြောင့်​ ဖိနပ်​သံတစ်​ခါကြားရတိုင်း အသည်းထဲကပင်​ စိမ့်​အေးလာရသည်​။

Gladiolus[Completed]Where stories live. Discover now