[ 28 ]

3.6K 445 23
                                    

[Zawgyi]

ယူးတို​ရော ​ရှောင်းကျင့်​​ကော​ရော ထွက်​သွား​တော့မှ သူ့ခံစားချက်​​တွေကို လွတ်​လွတ်​လပ်​လပ်​ ​ဖော်​ပြနိုင်​​တော့သည်​။ ခုနက ချူ ပ်​တည်းထားခဲ့ရ​တဲ့ စိတ်​လှုပ်​ရှားမှုနှင့်​ ကြောက်​ရွံ့မှုတစ်​ပိုင်းတစ်​စက အခုမှ တဖြည်းဖြည်းချင်း ​ပေါ်ထွက်​လာသည်​။

တကယ်​ကို....တကယ်​ကို သူမသိခဲ့ဘူး။

ဝမ်​ရိ​ပေါ်ကို သတ်​ဖို့ အစီအစဉ်​ရှိတယ်​ဆိုတာကို သူတကယ်​မသိခဲ့ဘူး။ တကယ်​​တော့ သူဖြတ်​သန်းလာခဲ့ရတဲ့ ​ခြောက်​နှစ်​တာကို ဝမ်​ရိ​ပေါ်​မေးခဲ့တုန်းက အလိမ်​အညာနည်းနည်းထည့်​ခဲ့မိတာ​တော့အမှန်​။

ဒါ​ပေမဲ့ သူအကုန်​လုံးကို လိမ်​ညာခဲ့တာ​တော့မဟုတ်​ဘူး။ မိဘ​တွေရဲ့​သေဆုံးမှုကို မျက်​မြင်​​တွေ့လိုက်​ရပြီးတဲ့​နောက်​မှာ သူ​လေလွင့်​​နေခဲ့တာက အမှန်​ဖြစ်​သလို ​ရှောင်းကျင့်​​ကောက သူ့ကို ကယ်​တင်​​ပေးခဲ့တာလည်း အမှန်​ပဲ။ မမှန်​တာက သူတို့ညီအစ်​ကိုနှစ်​​ယောက်​ရဲ့ အလုပ်​အကိုင်​ပဲရှိသည်​။

ကျင့်​​ကောနဲ့သူ​တွေ့တဲ့အချိန်​တုန်းက ကျင့်​​ကောက စစ်​ထဲဝင်​ပြီး နိုင်​ငံအတွက်​ တိုက်​ပွဲဝင်​​နေပြီ။ အစက သူဟာ ဒီအတိုင်း ရိုးရိုးသာမန်​ပြည်​သူတစ်​​ယောက်​သာ။ ဒါ​ပေမဲ့ "မင်းလည်း စစ်​ထဲဝင်​ပါလား..မင်း​ရော ဂျပန်​​တွေကို မမုန်းဘူးလား"ဆိုတဲ့​မေးခွန်းကို ကျင့်​​ကောက ​မေးလာချိန်​မှာ သူ့​ခေါင်းထဲ အ​တွေးတစ်​ခုက စတင်​ဝင်​​ရောက်​လာခဲ့သည်​။

ဂျပန်​​တွေကိုမုန်းလားတဲ့...သူအရမ်းမုန်းတာ​ပေါ့။ ဒီ​ကောင်​​တွေ​ကြောင့်​သာ မဟုတ်​ရင်​ သူတို့နယ်​စပ်​အထိ ထွက်​​ပြေးစရာမလိုခဲ့သလို ပါးနဲ့မားလည်း အဖြစ်​ဆိုးနဲ့ ကြုံခဲ့ကြရမှာမဟုတ်​ဘူး။ ပြီး​တော့ သူလည်း ​ကောလိပ်​က​နေ ဘွဲ့ရပြီး အလုပ်​ခွင်​ထဲ ဝင်​​နေရ​လောက်​ပြီ။ ဒီ​ကောင်​​တွေကို မုန်းရုံတင်​မကပဲ မျိုးပါဖြုတ်​ပစ်​ချင်​တာမို့ သူလည်း စစ်​ထဲဝင်​ခဲ့သည်​။

တပ်​ထဲဝင်​ပြီး​တော့ သူအပြင်းအထန်​ ကြိုးစားခဲ့သည်​။ အခြားသူ​တွေထက်​ကို နှစ်​ဆ​လောက်​ ပိုကြိုးစားပြီး သူ့ရဲ့တိုက်​ရည်​ခိုက်​ရည်​ကို အဆင့်​တက်​​အောင်​ လုပ်​ခဲ့သည်​။ ဒါ​ကြောင့်​လည်း ဂျပန်​တပ်​ထဲထိ စွန့်​စွန့်​စားစားနဲ့ သူလျှို သွားလုပ်​ဖို့ အထက်​က သူ့ကို ​ရွေးချယ်​ခဲ့တာ​ပေါ့။

Gladiolus[Completed]Where stories live. Discover now