[Zawgyi]
"မင်းတို့သေချာ စဉ်းစားပြီးပြီလား"
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ယူးတိုက သူတို့နှစ်ယောက်ကို အလေးအနက် မေးလာတဲ့အခါ မဆိုင်းမတွပဲ ခေါင်းကို ပြိုင်တူငြိမ့်လိုက်မိသည်။
"မင်းတို့အဝေးကို ထွက်သွားတဲ့အခါ ငါကာကွယ်ပေးနိုင်မှာမဟုတ်တော့သလို...အခုလိုလည်း နေရထိုင်ရတာက အဆင်ပြေမှာမဟုတ်လောက်တော့ဘူးနော်"
"ပကာသနတွေမလိုဘူး ယူးတို...ကျွန်တော့မှာ သူရှိနေရင်ရပြီဆိုတာ အပိုပြောနေတာမဟုတ်ဘူး"
"မင်းကအဲ့လိုဆိုပေမဲ့...ရှောင်းကျန့်ဘက်ကရော သေချာပြီလား"
ယူးတိုရဲ့အမေးကြောင့် ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေသည့် ကျန့်ကောဘက်ကို သူလှည့်ကြည့်မိတော့
"လူမချမ်းသာရင်နေပါ စိတ်ချမ်းသာရင်ရပြီ...အဲ့လိုစိတ်ချမ်းသာနိုင်ဖို့ကလည်း ရိပေါ်ရှိနေမှဖြစ်မှာ"
ယူးတိုက ရှောင်းကျန့်၏အဖြေကို သဘောကျသည့်ဟန်ဖြင့် ပြုံးလိုက်ကာ
"ကောင်းပြီ ဒါဆို ငါကူညီနိုင်တဲ့ နေရာကနေ အဆုံးစွန်ထိကူညီပေးမယ်....ကဲရှောင်းကျန့်ကို ပြောစရာလေးတွေရှိနေလို့ ရိပေါ်ခဏရှောင်ပေးလို့ရမလား"
သူ့စကားအဆုံးမှာ နဂိုက တည်တင်းနေတဲ့ ရိပေါ်ရဲ့မျက်နှာက အလိုမကျသည့်ဟန် ဖြစ်သွားပြီး.
"ယူးတိုက ကျွန်တော့လူကိုဆို ပြောစရာစကားတွေ အမြဲရှိနေပုံပဲနော်"
"ဟေ့...ငါမင်းလူအပေါ်မှာ ရိုးရိုးသားသားပဲနော်...ငါ့ကိုမယုံဘူးလား"
"ယူးတိုကိုမယုံပေမဲ့ ကျန့်ကောကိုတော့ အပြည့်အဝယုံကြည်တာမို့ ရှောင်ပေးပါ့မယ်"
စကားကို ရိုက်သတ်ချင်စရာကောင်းအောင် ပြောသွားသော ဝမ်ရိပေါ်ကို သူကပဲ ခွင့်လွှတ်ပေးလိုက်ပါ့မယ်။ ကူညီချင်စရာ တစ်စက်ကလေးမှ မကောင်းတဲ့ ကောင်စုတ်လေး!